မုံရွာ၊ ဩဂုတ် ၂၇
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ရ အဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ ကန့်ဘလူခရိုင် စီမံခန့်ခွဲရေးနှင့်အုပ် ချုပ်ရေးကော်မတီ ဥက္ကဌနှင့် တာဝန်ရှိသူများသည် ဩဂုတ်လ ၂၇ ရက်၊ နံနက်ပိုင်းတွင် ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်ရှိ တစ်ရက်လျှင် ၃၀ မဂ္ဂါဝပ် ထုတ်လုပ်နိုင်သည့် သဖန်း ဆိပ်ရေအားလျှပ်စစ်ဓါတ်အားပေးစက်ရုံသို့ ရောက်ရှိရာ စက်ရုံတာဝန်ခံမှ သဖန်းဆိပ်ဆည် ရေဖြင့် လျှပ်စစ်ဓါတ်အားထုတ်လုပ်နေမှုများနှင့် လျှပ်စစ်ဓါတ်အားဖြန့်ဖြူးပေးနေမှု အခြေ အနေများအား လိုက်လံရှင်းလင်းပြသသည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်ကလိုက်လံ ရှင်းလင်းပြသမှုများအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင် ရွက်ပေးကာ စက်ရုံ ဝန်ထမ်းများအတွက် ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် သဖန်းဆိပ်ရေ လှောင်တမံ ရှင်းလင်းဆောင်သို့ ရောက်ရှိရာ တိုင်းဒေသကြီး ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲ့ရေးဦးစီးဌာန(ဆည်မြောင်း)မှ ညွှန်ကြားရေးမှူးက သဖန်းဆိပ်ရေလှောင်တမံ အတွင်း ရေဝင်ရောက်မှုအခြေအနေများနှင့် စိုက်ပျိုးရေပေးဝေနေမှု အခြေအနေများအား ရှင်းလင်းတင်ပြသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က ရှင်းလင်းတင်ပြချက်များအပေါ် လိုအပ် သည်များကို တာဝန်ရှိသူများနှင့်ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက် ပေးကာ သဖန်းဆိပ်ရေ လှောင်တမံအတွင်း ရေသိုလှောင်ထားရှိမှု အခြေအနေများနှင့် ရေလှောင်တမံကြံ့ခိုင်မှု အခြေအနေများအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြသည်။
ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ကျွန်းလှမြို့၊ စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီရုံး အစည်းအဝေးခန်းမတွင် မြို့နယ်အဆင့် ဌာနဆိုင် ရာများ၊ မြို့မိမြို့ဖများနှင့် တွေ့ဆုံပွဲ အခမ်းအနားသို့ တက်ရောက်ကြသည်။
ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က မိမိတို့တိုင်းဒေသကြီး အစိုးရ အဖွဲ့အနေဖြင့် တိုင်းဒေသကြီးအတွင်းရှိမြို့များအား တစ်ပြေးညီဖွံ့ဖြိုးတိုးတက်စေရေး အတွက် ဌာနဆိုင်ရာများနှင့်ပူးပေါင်းကာ အလေးထားဆောင်ရွက်ပေးလျက် ရှိပါကြောင်း၊ မိမိတို့ဒေသ တည်ငြိမ်အေးချမ်းမှသာ တရားဥပဒေစိုးမိုးရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်း များအကောင်အထည်ဖော် ဆောင်ရွက်နိုင်မည် ဖြစ်ပါကြောင်း၊ ဌာနဆိုင်ရာများအနေဖြင့် လည်း မိမိတို့တာဝန်ယူထမ်းဆောင်နေစဉ်ကာလအတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ပြည်သူများနှင့်ပူးပေါင်းကာ ကြိုးပမ်းဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်းပြောကြား ခဲ့သည်။
ထို့နောက် ကျန်းလှမြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဌက မြို့ဖွံ့ ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများအားလည်းကောင်း မြို့မိမြို့ဖများက ကျွန်းလှမြို့ ဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် ဆောင်ရွက်ပေးလိုမှု အခြေအနေများအား လည်းကောင်း ဆွေးနွေးတင်ပြကြသည်။
ဆက်လက်၍ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများက မိမိတို့ဌာနများအလိုက် ကျွန်းလှမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ပေးနေမှု အခြေအနေများ အားရှင်းလင်းပြောကြားခဲ့ကြသည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန် ရှိသူများသည် ကန့်ဘလူမြို့၊ အမှတ်(၅)ရပ်ကွက်ရှိ တောင်သူ ဦးခင် စိုက်ပျိုးထားရှိသည့် ပဲဇဉ်းငုံ ၁.၅၀ ဧက စိုက်ခင်း အတွင်း ပိုက်ဆံလျှော်မျိုးစေ့ သီးထပ်စိုက်ပျိုးခြင်း ကွင်းသရုပ်ပြပွဲ သို့်တက်ရောက်ကြ သည်။
ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသ ကြီးအဆင့် ဌာနဆိုင်ရာများနှင့် ဒေသခံတောင်သူများက ပဲဇဉ်းငုံခင်းအတွင်း ပိုက်ဆံလျှော် မျိုးစေ့ သီးထပ်စိုက်ပျိုးခြင်း ကွင်းသရုပ်ပြသမှုများအား ကြည့်ရှုအားပေးကြပြီး လိုအပ် သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ကန့်ဘလူမြို့ရှိ “ဖိုးချောကြီး” ကျွဲ/နွား မွေးမြုရေးခြံသို့ ရောက်ရှိရာ ခြံတာဝန်ခံမှ ခြံလှောင်စနစ်ဖြင့် ကျွဲ/နွားများ မွေးမြူထားရှိမှုနှင့် အောင်မြင်ဖြစ်ထွန်းမှု အခြေအနေများအား လိုက်လံရှင်း လင်းပြသသည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က လိုက်လံရှင်းလင်းပြသမှုများအပေါ် လို အပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။
ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ကန့်ဘလူမြို့၊ ခြံပိုင်ရှင် ဦးနေမျိုးသူ မွေးမြူထားရှိသည့် အသားစားကြက်(CP)ကောင်ရေ ၂၀၀၀ မွေးမြူ ထားရှိမှုများအား သွားရောက်ကြည့်ရှုခဲ့ကြပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့် ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ကန့်ဘလူမြို့ရှိ တစ်ရက်လျှင် စပါးတန် ၃၀ ကြိတ်ခွဲနေသည့် “ခန့်ညားရတနာ”ဆန်စက်သို့ ရောက်ရှိရာ ဆန်စက်တာဝန်ခံမှ ဆန်ကြိတ်ခွဲနေမှုများအား လိုက်လံရှင်းလင်းပြသရာ လိုအပ်သည်များ ကိုတာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။





