စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် ဂျပန်အစားအစာ၊ ဖျော်ရည်အမျိုးမျိုး ပြုလုပ်နည်းသင်တန်းနှင့် Fitness Dance သင်တန်းဆင်းပွဲ အခမ်းအနား တက်ရောက်
မုံရွာ၊ စက်တင်ဘာ ၂၄
၂၀၂၅-ခုနှစ်၊ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ ၏ လမ်းညွှန်မှုဖြင့် တိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သည့် ဂျပန်အစားအစာနှင့် ဖျော်ရည်အမျိုးမျိုး ပြုလုပ်နည်းသင်တန်းနှင့်Fitness Danceသင်တန်းဆင်းပွဲအခမ်း အနားကို စက်တင်ဘာလ ၂၄ ရက်၊ နံနက်ပိုင်းက မုံရွာမြို့၊ ပြည်သူ့အားကစားကွင်းအတွင်းရှိ မိုးလုံ လေလုံအားကစားခန်းမတွင် ကျင်းပပြုလုပ်ရာ သင်တန်းဆင်းပွဲ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့်ဇနီး၊ တိုင်းဒေသကြီး တရားသူကြီးချုပ်နှင့် ဇနီး၊ တိုင်းဒေသကြီး အစိုးရ အဖွဲ့ဝင်များနှင့်ဇနီးများ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မုံရွာမြို့ပေါ်ရှိ တက္ကသိုလ်/ဒီဂရီကောလိပ်နှင့် အခြေခံပညာအထက်တန်းကျောင်းများမှ ကျောင်းသား/ကျောင်း သူများ၊ သင်တန်းနည်းပြများနှင့်သင်တန်းသား/သင်တန်းသူများ တက်ရောက်ကြသည်။
ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က ယခုဖွင့်လှစ်ခဲ့သည့် ဂျပန် အစားအစာနှင့် ဖျော်ရည်အမျိုးမျိုး ပြုလုပ်နည်းသင်တန်းသည် ယခုခေတ်လူအများ စိတ်ဝင်စားပြီး တစ်ပိုင်တစ်နိုင်ဖြင့် တစ်ဖက်တစ်လမ်းမှ ဝင်ငွေရရှိရေးနှင့် လူငယ်များအား အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုရရှိလာစေရန် ရည်ရွယ်၍ သင်တန်းများဖွင့်လှစ် သင်ကြားပေးခြင်း ဖြစ်ပါကြောင်း၊ Fitness Dance သင်တန်းအား တက်ရောက်ခဲ့သည့် သင်တန်းသူများအနေဖြင့်လည်း Fitness Dance အားကစားနည်းများ၏ စည်းမျဉ်း၊ စည်းကမ်း၊ ဥပဒေများနှင့် ကစားကွက်များအား သဘောပေါက်နားလည်ပြီး ယခုသင်တန်း မှရရှိခဲ့သည့် အသိပညာဗဟုသုတများအား သင်တန်းတွင်မထားခဲ့ဘဲ လက်တွေ့နယ်ပယ် ဖြစ်သည့် မိမိ မိသားစု၊ မိမိရုံး၊ မိမိပတ်ဝန်းကျင်၊ မိမိမြို့နယ်၊ လူထုလှုပ်ရှားမှုများအထိ အသုံးချနိုင်ရန် အမြဲတမ်းလေ့ကျင့် လေ့လာသင်ယူသွားကြရန် လိုအပ်ပါကြောင်းနှင့် နိုင်ငံတော်၏ အားကစားဆိုင်ရာမူဝါဒတစ်ရပ်ဖြစ်သည့် “ကိုယ်လက်လှုပ်ရှား ဆေးတစ်ပါး”အား ဆက်လက်အကောင်အထည် ဖော် ဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း ပြောကြားခဲ့ သည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က သင်တန်းနည်းပြဆရာမထံ ဂုဏ်ပြုချီးမြှင့်ငွေကျပ် ၅ သိန်းအား လည်းကောင်း၊ တိုင်းဒေသကြီး ဝန်ကြီး ချုပ်၏ဇနီး၊ တိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့ နာယကမှ တိုင်းဒေသကြီး ကိုယ်ကာယကြံ့ခိုင်မှုလေ့ကျင့်ခန်း အေရိုးဗစ်အသင်းအား စားစရိတ်ငွေ ကျပ် ၄၇,၁၇,၅၀၀(လေးဆယ်ခုနှစ်သိန်းတစ်သောင်း ခုနှစ်ထောင်ငါးရာ)ကျပ်အား လည်းကောင်း၊ တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီးက ဂျပန်အစားအစာနှင့် ဖျော်ရည်အမျိုးမျိုး ပြုလုပ်နည်းသင်တန်းနှင့် Fitness Dance သင်တန်း တက်ရောက်ခဲ့ကြသည့် သင်တန်းသား/သင်တန်းသူများအား သင်တန်းဆင်းလက်မှတ်များအား လည်းကောင်း အသီးသီး ပေးအပ်ချီးမြှင့်ကြသည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အခမ်း အနားသို့ တက်ရောက်လာသူများက သင်တန်းသူ များ၊ လက်ထောက်သင်တန်းနည်းပြများနှင့် တိုင်းဒေသကြီး ကိုယ်ကာယကြံ့ခိုင်မှုလေ့ကျင့်ခန်း အေရိုးဗစ်အသင်းများမှ Fitness Dance ၊ ယပ်တောင်အက နှင့်အေရိုးဗစ်အကများဖြင့် ကပြဖျော်ဖြေမှုများအား ကြည့်ရှုခဲ့ ကြပြီး ဂျပန်အစားအစာနှင့် ဖျော်ရည်အမျိုးမျိုး ပြုလုပ်နည်းသင်တန်းမှ သင်တန်းသား/သင်တန်းသူများ၏ လက်တွေ့ သရုပ်ပြ ပြုလုပ်နေမှုများအား လိုက်လံကြည့်ရှုခဲ့ကြပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးကာ အခမ်းအနားသို့ တက်ရောက်လာသူ များအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့ကြောင်း သိရသည်။






















