စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသော မုံရွာမြို့၊ မြို့ရာပြည့်စေတီတော်ကြီးရှိ ဗုဒ္ဓရုပ်ပွားတော် ၄ ဆူအား မသိုးရွှေကြာသင်္ကန်း ဆက်ကပ်လှူဒါန်းခြင်း၊ သံဃာ တော်အပါး (၁၀၀၀) ဆွမ်းဆန်စိမ်းလောင်းလှူပွဲ အခမ်းအနားနှင့် တန်ဆောင်တိုင်ပွဲတော် ကျင်း ပ
မုံရွာ၊ နိုဝင်ဘာ ၄
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသော မုံရွာမြို့၊ မြို့ရာပြည့်စေတီ တော်ကြီးရှိ ဗုဒ္ဓရုပ်ပွားတော် ၄ ဆူအား မသိုးရွှေကြာသင်္ကန်း ဆက်ကပ်လှူဒါန်းခြင်း မင်္ဂလာ အခမ်းအနားကို နိုဝင်ဘာလ ၄ ရက်၊ တန်ဆောင်တိုင်လပြည့်နေ့ နံနက်ပိုင်းတွင် မုံရွာမြို့၊ မြို့ရာ ပြည့်စေတီတော်ကြီးတွင် ကျင်းပရာ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး တရားသူကြီးချုပ်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/ မြို့နယ်အဆင့်ဌာနဆိုင်များ၊ မြို့မိမြို့ဖများနှင့်ဂေါပကအဖွဲ့များ တက်ရောက်ကြသည်။
ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းဒေသကြီး တရားသူကြီးချုပ်နှင့် တိုင်းဒေသကြီး အစိုးရ အဖွဲ့ဝင်များက ဗုဒ္ဓရုပ်ပွားတော်မြတ် ၄ ဆူအား ကြာကလပ်တော်ဖြင့် မသိုးရွှေကြာ သင်္ကန်းများ ဝတ်ရုံသပ္ပာယ်တော်မူကြသည်။
ဆက်လက်ပြီး ပင့်သံဃာဆရာတော်၊ သံဃာတော်များအား တိုင်းဒေသကြီး ဝန်ကြီးချုပ် နှင့်တာဝန်ရှိသူများက အာရုဏ်ဆွမ်းများ ဆက်ကပ်လှူဒါန်းကြသည်။
ထို့နောက် ရာပြည့်ကပ်ကျော်စေတီတော်ကြီးအား ဗုဒ္ဓဘိသေက အနေကဇာတင်ခြင်းနှင့် အန္တရာယ် ကင်းပရိတ်တရားတော်ရွတ်ပွားသရဇ္စျာယ်ခြင်းနှင့် သံဃာတော်အပါး (၁၀၀၀) ဆွမ်း ဆန်စိမ်းလောင်းလှူခြင်း မင်္ဂလာအခမ်းအနားကို ကျင်းပရာ ပင့်သံဃာဆရာတော်၊ သံဃာတော် များနှင့်တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်ဇနီး၊ ဧည့်ပရိတ်သက်များက “နမောတဿ” သုံးကြိမ်ရွတ် ဆိုဘုရားကန်တော့၍ အခမ်းအနားအား ဖွင့်လှစ်ကြသည်။
ယင်းနောက် မုံရွာမြို့၊ လယ်တီရပ်ကွက်၊ လယ်တီကျောင်းတိုက်ကြီး၏ တိုက်အုပ်နာယက နိုင်ငံတော်သံဃမဟာနာယက၊ အဂ္ဂမဟာဂန္တဝါစကပဏ္ဍိတ ဘဒ္ဒန္တကေသဝ ဆရာတော်ကြီးထံမှ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဧည့်ပရိတ်များက ကိုးပါးသီလ ခံယူဆောက်တည်ကြသည်။
ယင်းနောက် ပင့်သံဃာဆရာတော်၊ သံဃာတော်များက မြို့ရာပြည့်စေတီတော်မြတ်ကြီး အား ဗုဒ္ဒါဘိသေက အနေကဇာတင်ခြင်းနှင့် ရတနသုတ်၊ မေတ္တာသုတ် အန္တရာယ်ကင်း ပရိတ် တရားတော်များ ရွတ်ပွားသရဇ္ဈာယ် ချီးမြင့်တော်မူကြသည်။
ဆက်လက်၍ ပင့်သံဃာဆရာတော်၊ သံဃာတော်များထံ တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းဒေသကြီး တရားသူကြီးချုပ်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများက လှူဖွယ်ဝထ္တုပစ္စည်းများ အသီးသီး ဆက်ကပ်လှူဒါန်းကြသည်။
ထို့နောက် မုံရွာမြို့၊ အောင်ချမ်းသာရပ်ကွက်၊ သဒ္ဓမ္မပဇ္ဇောတာရုံကျောင်းတိုက်ကြီး၏ ပဓာနနာယက၊ နိုင်ငံတော်သံဃမဟာနာယက၊ ဒွိပိဋကဓရ၊ အဂ္ဂမဟာဂန္တဝါစကပဏ္ဍိတ၊ ဘဒ္ဒန္တ ဇောတိပါလာလင်္ကာရ ဆရာတော်ကြီးထံတော်မှ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဧည်ပရိသတ် များက အနုမောဒနာတရားနာယူကြည်ညို၍ ရေစက်သွန်းချအမျှပေးဝေကာ “ ဗုဒ္ဓသာသနံ စိရံ တိဌတု ” သုံးကြိမ်ရွတ်ဆိုဆုတောင်းပြီး ဗုဒ္ဒါဘိသေက အနေကဇာတင်ခြင်း အခမ်းအနားကို ရုပ် သိမ်းခဲ့ကြသည်။
ဆက်လက်၍ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသော (စတုတ္ထအကြိမ်) သံဃာတော်အပါး (၁၀၀၀) ဆွမ်းဆန်စိမ်းနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများလောင်းလှူပွဲ အခမ်းအနား ကို မြို့ရာပြည့်စေတီတော်မြတ်ကြီးရှိ အရှေ့ဘက်ကန်သာယာတွင် ကျင်းပပြုလုပ်ရာ တိုင်းဒေသ ကြီး ဝန်ကြီးချုပ်နှင့်ဇနီး၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့်ဇနီး၊ တိုင်းဒေသကြီး တရားသူကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့်ဇနီးများ၊ တပ်မတော်အရာရှိကြီး များနှင့်ဇနီးများ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ အလှူရှင်များနှင့် မုံရွာမြို့ပေါ်ရှိ တက္ကသိုလ်/ဒီဂရီကောလိပ်များ၊ ကိုယ်ပိုင်ဆေးရုံ/ကျောင်းများ၊ MSME လုပ်ငန်းရှင် များနှင့် ဆန်/ဆီကုန်သည်ကြီးများအသင်းများက သံဃာတော်အပါး (၁၀၀၀)နှင့် သီလရှင်ဆရာ ကြီး၊ဆရာလေးများအား ဆွမ်းဆန်စိမ်းများနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လောင်းလှူကြ သည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်ဇနီး၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့်ဇနီး၊ တိုင်းဒေသကြီး တရားသူကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ နှင့်ဇနီးများက ဌာနဆိုင်ရာဝန်ထမ်းများ၊ အလှူရှင်များနှင့် လုပ်ငန်းရှင်များမှ ဆွမ်းဆန်စိမ်းများနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ တစ်ပျော်တစ်ပါး လောင်းလှူနေမှုများအား လိုက်လံကြည့်ရှုအားပေး ခဲ့ကြသည်။
အဆိုပါ (စတုတ္ထအကြိမ်) သံဃာတော်အပါး(၁၀၀၀) ဆွမ်းဆန်စိမ်းလောင်းလှူပွဲ အခမ်း အနားတွင် မုံရွာခရိုင်အတွင်းရှိ မုံရွာမြို့နယ်၊ ချောင်းဦးမြို့နယ်၊ အရာတော်မြို့နယ်၊ ဘုတလင် မြို့နယ်များမှ ဆရာတော်၊သံဃာတော်များနှင့် သီလရှင်ဆရာကြီး/ဆရာလေးများအား ဆွမ်းဆန် စိမ်းနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ လောင်းလှူခဲ့ကြသည်။
ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ညနေပိုင်းတွင် အရှေ့ဘက်ကန်သာယာကန်ယာရှိ ပြည်ထောင်စုရင်ပြင်၌ ကျင်းပပြုလုပ်သည့် တန်ဆောင်တိုင် ပွဲတော်သို့ ရောက်ရှိရာ တန်ဆောင်ပွဲတော်သို့ လာရောက်ပျော်ရွှင်ကြသည့် မုံရွာမြို့ပေါ်ရှိ ဌာန ဆိုင်ရာဝန်ထမ်းများ၊ တက္ကသိုလ်/ဒီဂရီကောလိပ်များမှ ကျောင်းသား/ကျောင်းသူများနှင့် မြို့ပေါ် ရှိရပ်ကွက်နေပြည်သူများအား တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးရှိ ဝန်ကြီးဌာနများ၊ အထွေထွေအုပ် ချုပ်ရေးဦးစီးဌာနရုံးနှင့် မုံရွာမြို့ပေါ်ရှိ ပုဂ္ဂိကဆေးရုံ/ကျောင်းများ၊ ဟိုတယ်လုပ်ငန်းရှင်များ၊ ဆန်/ ဆီကုန်သည်ကြီးများအသင်းများနှင့် MSME လုပ်ငန်းရှင်များမှ စတုဒီသာမဏ္ဍပ် (၂၂) ခုဖြင့် ဧည့်ခံ ကျွေးမွေးနေမှုများအား လိုက်လံကြည့်ရှုခဲ့ကြပြီး တန်ဆောင်တိုင်ပွဲတော်သို့ လာရောက်ကြသူ များအား ရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့ကြသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် တန်ဆောင်တိုင်ပွဲတော် သို့လာရောက်ကြသည့် မုံရွာမြို့ပေါ်ရှိ ဌာနဆိုင်ရာအသီးသီးမှဝန်ထမ်းများ၊ တက္ကသိုလ်/ဒီဂရီ ကောလိပ်များမှ ကျောင်းသား/ကျောင်းသူများ၊ မြို့နေပြည်သူများ အေးချမ်းသာယာစွာဖြင့် ဘဝ အမောများပြေပျောက်စေရန်အတွက် နိုင်ငံကျော်အဆိုတော်များ၏ ဖျော်ဖြေနေမှုများအား မြို့နေ ပြည်သူ (၃၅၀၀၀)ကျော်မှ တစ်ပျော်တစ်ပါး ပျော်ရွှင်စွာပါဝင်ဆင်နွှဲနေမှုများအား ကြည့်ရှုအား ပေးခဲ့ကြပြီး ဌာနဆိုင်ရာအသီးသီးမှ ဝန်ထမ်းများက မီးပုံးပျံအလုံး (၁၅၀၀)ကျော်အား တစ်ပျော် တစ်ပါးလွှတ်တင်ကာ မီးရှူးမီးပန်းများ ပစ်ဖောက်ခဲ့ကြောင်း သိရသည်။






























