မုံရွာ၊ အောက်တိုဘာ ၁၃
၂၀၂၅-ခုနှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေး(၃/၂၀၂၅)ကို အောက်တိုဘာလ ၁၃ ရက်၊ နံနက်ပိုင်းတွင် စစ်ကိုင်း တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ရာ အစည်းအဝေးသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ တိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ ဥက္ကဌနှင့်အဖွဲ့ဝင်များ၊ မုံရွာခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဌနှင့် ခရိုင်/မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်များ တက်ရောက်ကြပြီး တိုင်းဒေသကြီး အတွင်းရှိ နာဂကိုင်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ကလေးခရိုင်၊ ကသာခရိုင်၊ ကောလင်းခရိုင်၊ ကန့်ဘလူခရိုင်၊ ခန္တီးခရိုင်၊ စစ်ကိုင်းခရိုင်၊ ရွှေဘိုခရိုင်၊ ရေဦးခရိုင်၊ မော်လိုက်ခရိုင်၊ ဟုမ္မလင်း ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဌများနှင့် ခရိုင်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်များက Video Conferencing စနစ်ဖြင့် တက်ရောက်ကြသည်။
ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အနေဖြင့် နိုင်ငံ့ဝန်ထမ်းများအပါအဝင် ပြည်သူများနှင့် မဲဆန္ဒရှင်များ မဲပေးခွင့် ဆုံးရှုံးမှုမရှိအောင် ကြေညာချက်ထုတ်ပြန်ဆောင်ရွက်ခြင်းများအား ဝန်ကြီးဌာနများသို့ အကြောင်းကြားပြီး ဆောင်ရွက်နေသကဲ့သို့ မိမိတို့တိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့် လည်း အနီးကပ်ကြပ်မတ်ပြီး လိုအပ်ချက်များအား တာဝန်ရှိသူများနှင့်ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း၊ မဲဆန္ဒရှင်စာရင်းများ ကပ်ထားကြေညာခြင်းအား နိုဝင်ဘာ လတွင် ဒုတိယအကြိမ်အဖြစ် ထပ်မံကပ်ထားကြေညာသွားမည်ဖြစ်သည့်အတွက် အမှန်တကယ်ပါဝင်သင့်သည့် မဲဆန္ဒရှင်စာရင်းများ ကျန်ရှိမှုမရှိစေရေး၊ မပါသင့်သည့် စာရင်းများ ပါရှိမှုမရှိစေရေးနှင့် အချက်အလက်မှားယွင်းခြင်းများအား ယခုပထမအကြိမ် ကပ်ထားကြေညာစဉ်ကပင် သေချာစီစစ်ကာ နောက်တစ်ကြိမ် ကပ်ထားကြေညာမည့် စာရင်းတွင် ပြည့်စုံမှန်ကန်မှုရှိစေရေးတို့အတွက် အလေးထားသတိပြု ဆောင်ရွက်သွား ကြရန် လိုအပ်ပါကြောင်း၊ မဲစာရင်းမှန်ကန်ရန် သက်ဆိုင်ရာအထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ လူဝင်မှုကြီးကြပ် ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနနှင့် ကော်မရှင်အဖွဲ့များသာ မက တာဝန်ရှိသူအားလုံးမှ ပူးပေါင်းဆောင်ရွက်သွားကြ ရန်လိုအပ်ပါကြောင်း၊ ရွေး ကောက်ပွဲနီးကပ်လာသည်နှင့်အမျှ လုံခြုံရေးပိုင်းဆိုင်ရာ လုပ်ငန်းများဆောင်ရွက်ရာတွင် လည်း မပေါ့မလျော့ဘဲ ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်သွားကြရန်နှင့် တိုင်းဒေသကြီး အတွင်းရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေး တာဝန်ရှိသူအားလုံးက ညီညီညွတ် ညွတ်ဖြင့် ဝိုင်းဝန်းဆောင်ရွက်ကာ နိုင်ငံတော်၏ အမျိုးသားရေးတာဝန်အား ကျေပွန်စွာ ထမ်းဆောင်သွားကြရန် လိုအပ်ပါကြောင်း ပြောကြားခဲ့သည်။
ယင်းနောက် တိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဌနှင့် အတွင်းရေး မှူးတို့က တိုင်းဒေသကြီးအတွင်းရှိ ခရိုင်/မြို့နယ်များအတွင်း ၂၀၂၅-ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ရွေးကောက်ပွဲဆိုင်ရာ အချက်အလက်များနှင့် မဲဆန္ဒနယ်သတ်မှတ်ခြင်း၊ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများ မဲစာရင်းမှန် ကန်မှုရှိစေရေးအတွက် ကြိုတင်ဆောင်ရွက်နေမှုများ၊ MEVM စက်များ ဖြန့်ဝေထားရှိမှု အခြေအနေများနှင့် ရွေးကောက်ပွဲကျင်းပရန်ကြိုတင် ပြင်ဆင်ဆောင်ရွက်ထားရှိမှု အခြေ အနေများအား ရှင်းလင်းတင်ပြကြသည်။
ဆက်လက်၍ တိုင်းဒေသကြီး လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန တိုင်းဒေသကြီးဦးစီးမှူးက မဲစာရင်းများအားအခြေခံသည့် လူဦးရေစာရင်းဆိုင်ရာကိစ္စရပ် များ ဆောင်ရွက်ထားရှိမှု အခြေအနေများအား ရှင်းလင်းဆွေးနွေးပြောကြားသည်။
ဆက်လက်ပြီး တိုင်းဒေသကြီးအတွင်းရှိ နာဂကိုင်ပိုင်အုပ် ချုပ်ခွင့်ရဒေသ၊ ကလေး ခရိုင်၊ ကသာခရိုင်၊ ကောလင်းခရိုင်၊ ကန့်ဘလူခရိုင်၊ ခန္တီးခရိုင်၊ စစ်ကိုင်းခရိုင်၊ ရွှေဘိုခရိုင်၊ ရေဦးခရိုင်၊ မော်လိုက်ခရိုင်၊ ဟုမ္မလင်းခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဌ များက Video Conferencing စနစ်ဖြင့် လည်းကောင်း၊ မုံရွာခရိုင် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဌတို့က မိမိခရိုင်များအတွင်းရှိ မြို့နယ်များအတွင်း ၂၀၂၅-ခုနှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် လုပ်ငန်း များကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှု အခြေအနေများနှင့် ပတ်သက်၍ အသီးသီး ရှင်း လင်းတင်ပြကြသည်။
ထို့နောက် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များက တိုင်းဒေသကြီးအတွင်း ၂၀၂၅-ခုနှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် လုံခြုံရေးကြီးကြပ်မှုဆိုင်ရာများ အခြေအနေများ၊ MEVM မဲပေးစက်များ ဖြန့်ဝေထားရှိမှု အခြေအနေများနှင့် မိမိတို့ဝန်ကြီးဌာနများအလိုက် ပူးပေါင်းဆောင်ရွက်သွားမည့် လုပ်ငန်း အခြေအနေများအား ဖြည့်စွက်ဆွေးနွေး တင်ပြကြသည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က အစည်းအဝေးသို့ တက်ရောက်လာကြ သူများ၏ ဆွေးနွေးတင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့် ဆည်းပေါင်းစပ် ဆောင်ရွက်ပေးပြီး နိဂုံးချုပ်အမှာစကား ပြောကြားခဲ့သည်။
ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် တာဝန်ရှိသူများသည် မုံရွာမြို့၊ ချင်းတွင်းခန်းမတွင် ကျင်းပပြုလုပ်သည့် ၂၀၂၅-ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ သဘာ ဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေလျော့ချရေးနေ့ အထမ်းအမှတ် အခမ်းအနားသို့ တက်ရောက်ကြသည်။
ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က မျက်မှောက်ကာလတွင် သဘာဝဘေးအန္တရာယ်များ ပိုမိုဖြစ်ပွားလာခြင်း ပိုမိုအင်အားပြင်းထန်လာခြင်းတို့နှင့်အတူ ထိ ခိုက်ဆုံးရှုံးမှုများလည်း ပိုမိုကြီးမားလာသည်ကို တွေ့ရှိရပြီး ကမ္ဘာနိုင်ငံများအနေဖြင့ လည်း သဘာဝဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးနိုင်ခြေ လျော့ပါးရေးလုပ်ငန်းများအား အထူး အလေးပေး ဆောင်ရွက်လျက်ရှိပါကြောင်း၊ သဘာဝဘေးအန္တရာယ်လျော့ပါးရေး လုပ်ငန်း စဉ်များအား အောင်မြင်စွာ အကောင်းအထည်ဖော်ဆောင်ရွက်ခြင်းအားဖြင့် သဘာဝဘေး ကြောင့် ထိခိုက်ပျက်စီးမှုများအား လျော့ချနိုင်မည်ဖြစ်ပြီး ပြည်သူလူထုအနေဖြင့် ရာသီ အလိုက်ဖြစ်ပေါ်တတ်သည့် မည့်သည့်ဘေးအန္တရာယ်မျိုးကိုမဆို အသိသတိရှိစွာဖြင့် ကြို တင်ပြင်ဆင် ဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း ပြောကြားခဲ့သည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ၂၀၂၅-ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင် ခြေလျော့ချရေးနေ့ အထမ်း အမှတ်အတွက် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် Mr.Antonio Guterres ၏ သဝဏ်လွှာရုပ်သံဖိုင် Video Clip နှင့် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှု မှတ်တမ်း Video အား ကြည့်ရှုအားပေးကြသည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်က ၂၀၂၅-ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ သဘာဝဘေး အန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေလျော့ချရေးနေ့ အထိမ်းအမှတ်အကြို အထက်တန်းအဆင့် စာစီ စာကုံးပြိုင်ပွဲတွင်ပထဆုရရှိခဲ့သူအားလည်းကောင်း၊ တိုင်းဒေသကြီး တရားသူကြီးချုပ်က ဒုတိယဆုရရှိခဲ့သူအား လည်းကောင်း၊ တိုင်းဒေသကြီး လူမှုရေးရာ ဝန်ကြီးက တတိယဆုရရှိခဲ့သူအားလည်းကောင်း ဂုဏ်ပြုချီးမြှင့်ငွေများနှင့် ဂုဏ်ပြုဆု လက်မှတ်များအား ပေးအပ်ချီးမြှင့်ကြသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးကာ ခန်းမအတွင်းခင်းကျင်းပြသထားရှိ သဘာဝဘေးအန္တရာယ်များ ဖြစ် ပွားလာပါက ကူညီကယ်ဆယ်ရေးပစ္စည်းများ၊ ထောက်ပံ့ရေးပစ္စည်းများနှင့် တိုင်းဒေသကြီး အတွင်း သဘာဝဘေးများဖြစ်ပွားခဲ့သည့် မှတ်တမ်းဓာတ်ပုံများအား လိုက်လံကြည့်ရှုခဲ့ ကြောင်း သိရသည်။




