စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် ၂၀၂၅-ခုနှစ်၊ ရွေးကောက်ပွဲနှိုးဆော် အသိပညာပေးဆိုင်ရာ မြေစိုက်ပိုစတာ စိုက်ထူ၊ မုံရွာမြို့ ပေါ်ရှိ ရပ်ကွက်များအတွင်း မဲဆန္ဒရှင်စာရင်း ကပ်ထားကြေညာထားရှိမှုများအား လိုက်လံ ကြည့်ရှု
မုံရွာ၊ အောက်တိုဘာ ၉
၂၀၂၅-ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် ကျင်းပပြုပ်လုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး အထောက်အကူဖြစ်သည့် ပြည်သူလူထုအတွက် ရွေးကောက်ပွဲနှိုးဆော် အသိပညာပေးဆိုင်ရာ မြေစိုက်ပိုစတာ Billboard စိုက်ထူခြင်းအခမ်းအနားကို အောက်တိုဘာလ ၉ ရက်၊ နံနံက်ပိုင်းတွင် စစ် ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ ကန်သာယာကန်အနီး ဗိုလ်ချုပ်လမ်းမကြီးပေါ်တွင် ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး တရားသူကြီး ချုပ်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊တိုင်းဒေသကြီး ရွေးကော်ပွဲကော်မရှင် ဥက္ကဌ၊ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များ၊ မုံရွာမြို့ပေါ်ရှိ တက္ကသိုလ်/ဒီဂရီကောလိပ်များမှ ကျောင်းသား/ကျောင်းသူများနှင့်ရပ်ကွက်နေပြည်သူများ တက်ရောက်ကြသည်။
ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက မုံရွာမြို့၊ အမှတ်(၂)စိုက် ပျိုး၊မွေးမြူရေးနှင့်အခြေခံပညာအထက်တန်းကျောင်း(အလုံ)မှ ဘင်ခရာ/ပန်းပွားအဖွဲ့များ ၏တီးမှုကပြဖျော်ဖြေမှုများအား ကြည့်ရှုအားပေးကြသည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး လုံခြုံရေး နှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဝင်းတင်စိုး၊တိုင်းဒေသကြီး အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးခင်မောင်ချို၊ တိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင် ဥက္ကဌ ဦးလွှမ်းမိုးဟန်၊ တိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင် အတွင်းရေးမှူး ဦးကိုကိုဦးတို့က ၂၀၂၅ ခုနှစ်၊ ရွေးကောက်ပွဲနှိုးဆော် အသိပညာပေးဆိုင်ရာ မြေစိုက်ပိုစတာ Billboard အား ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြသည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တိုင်းဒေသကြီး တရားသူကြီးချုပ်တို့က မြေစိုက်ပိုစတာ Billboard စိုက်ထူခြင်းအခမ်းအနားတွင် ပါဝင်ကူညီခဲ့ကြသည့် ဘင်ခရာ/ပန်းပွားအဖွဲ့များအား ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ချီးမြှင့်ကြပြီး တာဝန်ရှိသူ များနှင့်အတူ အဆိုပါ Billboard ရှေ့တွင် စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးကာ အခမ်းအနားသို့ တက်ရောက်လာကြသူများအား ရင်းရင်းနှီးနှီးနှုတ်ဆက်ကာ နံနက်စာများ ဝေငှပေးနေမှုများအား ကြည့်ရှုခဲ့ကြသည်။
ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မုံရွာမြို့၊ မုံရွာတောင်ရပ်ကွက်နှင့် အောင်ချမ်းသာရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးများ၌ စက်တင်ဘာ လ ၃၀ ရက်နေ့မှ အောက်တို ဘာလ ၁၃ ရက်နေ့အထိ ပထမအကြိမ် မဲဆန္ဒရှင်စာရင်းများ ကပ်ထားကြေညာထားရှိမှုများအား သွားရောက်ကြည့်ရှုရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က ဆန္ဒမဲပေးပိုင်ခွင့်ရှိသည့် မဲဆန္ဒရှင်ပြည်သူများ မဲစာရင်းမှန်ကန်စွာပါရှိစေရေး မဲစာရင်းမပါရှိသည့်ပြည်သူများအား သက်မှတ်ပုံစံများဖြင့် စနစ်တကျရေးသွင်း လျှောက်ထားစေ ပြီးမဲဆန္ဒရှင်စာရင်း၌ ပါဝင်အောင်ဆောင်ရွက်ပေးရေးနှင့် အချက် အလက်မှားယွင်းမှုများ တွေ့ရှိပါက ပြင်ဆင်ဆောင် ရွက်ပေးနိုင်ရေးတို့အား တာဝန်ရှိသူအားလုံးမှ ဝိုင်း ဝန်းပူး ပေါင်းဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း တာဝန်ရှိသူများအားမှာကြားကာ မဲစာရင်းလာရောက်ကြည့်ရှုကြသည့် ရပ်ကွက်နေပြည်သူ များအား ရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့ ကြပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့်ဖြည့်ဆည်း ပေါင်း စပ်ဆောင်ရွက်ပေးခဲ့သည်။































