စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် ၂၀၂၅ -ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေ ထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ် မြို့ပေါ်ရှိ မဲဆန္ဒရှင်ပြည်သူများ မဲစာရင်းပါရှိစေရေး၊မကျန်ရှိစေရေးနှင့် မဲစာရင်းများပြည့်
မုံရွာ၊ ဒီဇင်ဘာ ၂
စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် များ၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ ဥက္ကဌ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင် ရာများ၊ ခရိုင်/မြို့နယ်ဒေသ စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဌများ၊ ခရိုင်/မြို့ နယ်ဒေသ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဌနှင့်အဖွဲ့ဝင်များသည် ဒီဇင်ဘာလ ၂ ရက်၊ နံနက်ပိုင်းတွင် မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ရွေးကောက်ပွဲကော် မရှင်အဖွဲ့ခွဲနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနတို့ ပူးပေါင်း၍ ၂၀၂၅-ခုနှစ်၊ ပါတီစုံဒီမိုက ရေစီအထွေထွေ ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် နာဂကိုယ်ပိုင်အုပ်ချုပ် ခွင့်ရဒေသ၊ လဟယ်မြို့၊ တာလံရပ်ကွက်ရှိ မဲဆန္ဒရှင်ပြည်သူ များမဲစာရင်းပါရှိစေရေး၊ မကျန်ရှိစေရေးနှင့် မဲစာရင်းများပြည့်စုံမှန်ကန်စေရေးအတွက် မြေပြင်ကွင်းဆင်းတိုက် ဆိုင်စစ်ဆေးနေမှုများအား လိုက်လံကြည့်ရှုခဲ့ကြပြီး ဒေသခံတိုင်းရင်းသားပြည်သူများအား ရင်းရင်း နှီးနှီးနှုတ်ဆက်ခဲ့ကြသည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် လဟယ်မြို့၊ ပြည်သူ့အားကစားကွင်း မိုးလုံလေလုံအားကစားခန်းမ၌ အမှုထမ်းရပ်ကွက်တွင် ဒုတိယ အကြိမ် မဲစာရင်းများကပ်ထားကြေညာထားရှိမှုအား ဒေသခံတိုင်းရင်းများနှင့်ပြည်သူများ မဲစာရင်းလာရောက်ကြည့်ရှုနေမှုများအား သွားရောက်ကြည့်ရှုအားပေးခဲ့ကြပြီး အဆိုပါ အားကစားခန်းမ၌ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့ရှိ ဒေသခံတိုင်းရင်းသား များနှင့်ပြည်သူများ ၂၀၂၅-ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကြီးတွင် လွတ်လပ်စွာ ဆန္ဒမဲပေးနိုင်ရေးအတွက် MEVM မဲပေးစက်အသုံးပြု၍ ဆန္ဒမဲပေးနိုင်ရန် အတွက် စမ်းသပ်သရုပ်ပြ ဆန္ဒမဲပေးနေမှုများအား ကြည့်ရှုအားပေးခဲ့ကြပြီး လိုအပ်သည် များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ပြီး မဲရုံမှူးနှင့်အဖွဲ့ဝင် များအားရင်းရင်းနှီးနှီး နှုတ်ဆက်ခဲ့ကြသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် လဟယ်မြို့၊ ၃ ဧက အကျယ်ရှိ မိုးဒန်းရေကန် ပြန်လည်တူးဖော်ပြီးစီးမှု၊ သန့်ရှင်းသာယာလှပရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုများနှင့် ဆိုလာစနစ်ဖြင့် လျှပ်စစ်မီးများ ဆောင်ရွက်ထားရှိမှုများအား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်း ပေါင်းစပ် ဆောင်ရွက်ပေးခဲ့ပြီး ဒေသခံတိုင်းရင်း သားပြည်သူများအား ဖြန့်ဝေပေးမည့် ကုန်းမြင့်ကော်ဖီပျိုးပင် ၅၀၀၀၀(ငါးသောင်း) ပျိုးထောင်ထားရှိမှုများအား လိုက်လံကြည့် ရှုစစ်ဆေးခဲ့ကြသည်။
ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် လဟယ်မြို့၊ အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်တန်းကျောင်းသို့ ရောက်ရှိရာ ဒေသခံ တိုင်းရင်းသား အမျိုးသမီးများအား အဆင့်မြင့်အိမ်တွင်းမှု စက်ချုပ်သင်တန်း အမှတ်စဉ် (၁၀)သင်ကြားနေမှုများအား သွားရောက်ကြည့်ရှုခဲ့ကြပြီး သင်တန်းသူများကိုယ်တိုင်ချုပ် လုပ်ထားသည့် အဝတ် အထည်များနှင့် သင်ထောက်ကူပစ္စည်းများအား လိုက်လံကြည့်ရှုခဲ့ ကြပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ သည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် လဟယ်မြို့၊ ထေရဝါဒဗုဒ္ဓသာသနာပြု(ဗဟို)ကျောင်းသို့ ရောက်ရှိရာ ဆရာတော်ကြီးထံ လှူဖွယ်ဝတ္ထု ပစ္စည်းများအား တာဝန်ရှိသူများနှင့် ဆက်ကပ်လှူဒါန်းခဲ့ကြပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ် က သာသနာရေးဆိုင်ရာများ လျှောက်ထားခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် လဟယ်မြို့၊ ပြည်သူ့ဆေးရုံကြီးသို့ ရောက်ရှိရာ ဆေးကုသမှုခံယူနေကြသည့် ဒေသခံတိုင်းရင်းသားများ အား အားပေးစကားများပြောကြားခဲ့ကြပြီး တာဝန်ရှိသူများနှင့်အတူ အဟာရဖြည့်စွက်စာ များလိုက်လံပေးအပ်ခဲ့ကြပြီး ဆေးရုံအုပ်ကြီးထံ ဆေးရုံဝန်ထမ်းများအတွက် ငွေကျပ် ၁၀ သိန်းအား ပေးအပ်ခဲ့ကြောင်း သိရသည်။



























