စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် ၂၀၂၅-ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး ခန္တီးမြို့ပေါ်ရှိမဲဆန္ဒရှင်ပြည်သူများဒုတိယအကြိမ် မဲစာရင်းကပ်ကြေညာထားရှိမှုများအား ကြည့်ရှု
မုံရွာ၊ ဒီဇင်ဘာ ၄
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ ခရိုင်/မြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေး ကော်မတီ ဥက္ကဌများ၊ ခရိုင်/မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဌနှင့်အဖွဲ့ဝင် များသည် ဒီဇင်ဘာလ ၄ ရက်၊ နံနက်ပိုင်းတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနတို့ ပူးပေါင်း၍ ၂၀၂၅-ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး အတွက် ခန္တီးမြို့၊ မြို့မရပ်ကွက်ရှိ မဲဆန္ဒရှင်ပြည်သူများ ဒုတိယအကြိမ် မဲစာရင်းများ ကပ်ထားကြေညာထားရှိမှုအား ဒေသခံတိုင်းရင်းများနှင့်ပြည်သူများ မဲစာရင်းလာရောက် ကြည့်ရှုနေမှုများအား သွားရောက်ကြည့်ရှုအားပေးခဲ့ကြပြီး မဲစာရင်းပါရှိစေရေး၊ မကျန်ရှိ စေရေးနှင့် မဲစာရင်းများပြည့်စုံမှန်ကန်စေရေးအတွက် မြေပြင်ကွင်းဆင်းတိုက် ဆိုင်စစ် ဆေးနေမှုများအား လိုက်လံကြည့်ရှုခဲ့ကြပြီး ဒေသခံတိုင်းရင်းသားပြည်သူများအား ရင်း ရင်းနှီးနှီးနှုတ်ဆက်ခဲ့ကြသည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ခန္တီးမြို့၊ အခြေ ခံပညာအထက်တန်းကျောင်း၌ ပေါမိုင်းရပ်ကွက်ရှိ ဒေသခံတိုင်းရင်းသားများနှင့်ပြည်သူ များ ၂၀၂၅-ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲကြီးတွင် လွတ်လပ်စွာ ဆန္ဒမဲပေးနိုင်ရေးအတွက် MEVM မဲပေးစက်အသုံးပြု၍ ဆန္ဒမဲပေးနိုင်ရန်အတွက် စမ်းသပ်သရုပ် ပြဆန္ဒမဲပေးနေမှုများအား ကြည့်ရှုအားပေးခဲ့ကြပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ပြီး မဲရုံမှူးနှင့်အဖွဲ့ဝင် များအားရင်းရင်းနှီးနှီး နှုတ်ဆက်ခဲ့ကြသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် နိုင်ငံစီးပွားမြှင့် တင်ရေးရန်ပုံငွေဖြင့် မွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်နေသည့် ခန္တီးမြို့နယ်၊ သာယာ ကုန်းကျေးရွာရှိ ခြံပိုင်ရှင် ဦးငြိမ်းအောင်သူ၏ ခြံလှောင်စနစ်ဖြင့် ကြက်မဲကောင်ရေ (၁၀၀၀)မွေးမြူထားရှိ သည့်မွေးမြူရေးခြံသို့ ရောက်ရှိရာ ခြံပိုင်ရှင်မှ ကြက်မဲမွေးမြူထား ရှိမှုများနှင့် ကြည်သားဖောက်လုပ်ငန်းများ ဆောင်ရွက်နေမှဒများအား လိုက်လံရှင်းလင်း ပြသရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က ရှင်းလင်းပြသမှုများအပေါ် လိုအပ်သည်များ ကိုတာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် နိုင်ငံစီးပွားမြှင့် တင်ရေးရန်ပုံငွေဖြင့် မွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်နေသည့် ခန္တီးမြို့၊ သာစည်ကျေး ရွာရှိ မွေးမြူရေးလုပ်ငန်းရှင် ဦးဘစိန် မွေးမြူထားရှိသည့် ဒေသနွားများနှင့် နို့စားနွားများ မွေးမြူထားရှိမှုအား သွားရောက်ကြည့်ရှုခဲ့ကြပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ခန္တီးမြို့နေပြည်သူ များ သောက်သုံး ရေဖူလုံပြည့်ဝစေရေးအတွက် ဆိုလာစနစ်ဖြင့် စိမ့်စမ်းရေဂါလံ ၁၅၀၀၀၀ ဆံ့၊ ရေကန်သို့ရောက်ရှိရာ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ခန္တီးမြို့ ပေါ်ရှိရပ်ကွက်များသို့ သောက်သုံးရေးဖြန့်ဝေပေးနေမှု အခြေအနေများနှင့် စက်ရုံလုပ်ငန်း များဆောင်ရွက်နေမှု အခြေအနေများအား ရှင်းလင်းတင်ပြသည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က ရှင်းလင်းတင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးကာ စိမ့်စမ်းရေသို လှောင်ထားရှိမှုများအား လိုက်လံကြည့်ရှုခဲ့ကြသည်။
ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် နားမေတ္တာ ရပ်ကွက်ရှိ မေတ္တာရေကန် ကန်ဟောင်းဆည်ခြင်း၊ ကန်သစ်တူးဖော်ဖြင်း၊ မြေသားတာ ဘောင်တင်ခြင်းနှင့် ရေပိုလွှဲမြှင့်ခြင်း လုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှုနှင့် ဇီးဖြူကုန်းရပ်ကွက်ရှိ ရေဂါလံ ၅၀၀၀၀ ဆံ့ရေကန် ရေသိုလှောင်ထားရှိမှုများအား လိုက်လံကြည့်ရှုခဲ့ကြ ပြီး မြို့နေပြည်သူများအားလုံး ကျန်းမာရေးနှင့်ညီညွတ်သည့် သောက်သုံးရေသန့်များ လုံလောက်စွာ ရရှိရေးကို တာဝန်ရှိသူများအားလုံးမှ စေတနာထားကာ ကြိုးပမ်းဆောင် ရွက်ကြရန် မှာကြားကာ လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

























