စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် ၂၀၂၅ခုနှစ်၊ ဒီဇင်ဘာအားကစားလ လူထုလှုပ်ရှားမှု အထိမ်းအမှတ် အားကစားပြိုင်ပွဲများ ကြည့်ရှုအားပေး၊ ၂၀၂၆ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်မြင့်မားကာ ဂုဏ်ထူးရကျောင်းသား၊ကျောင်းသူများ ပိုမိုပေါ်ထွက်လာစေရေး တက်
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် ၂၀၂၅ခုနှစ်၊ ဒီဇင်ဘာအားကစားလ လူထုလှုပ်ရှားမှု အထိမ်းအမှတ် အားကစားပြိုင်ပွဲများ ကြည့်ရှုအားပေး၊ ၂၀၂၆ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်မြင့်မားကာ ဂုဏ်ထူးရကျောင်းသား၊ကျောင်းသူများ ပိုမိုပေါ်ထွက်လာစေရေး တက်ရောက်အမှာစကားပြောကြား
မုံရွာ၊ ဒီဇင်ဘာ ၁၀
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့်ဇနီး၊ တိုင်းဒေသကြီး အစိုးရ အဖွဲ့ဝင်များနှင့်ဇနီးများ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင် ရာများနှင့် တာဝန် ရှိသူများသည် ဒီဇင်ဘာလ ၁၀ ရက်၊ နံနက်ပိုင်းတွင် မုံရွာမြို့၊ ပြည်သူ့အားကစား ကွင်းအတွင်း ကျင်းပပြုလုပ်လျက်ရှိသည့် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာအားကစားလ လူထုလှုပ်ရှားမှု အထိမ်းအမှတ် တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား ဝန်ကြီးဌာနပေါင်းစုံနှင့် တက္ကသိုလ်/ဒီဂရီကောလိပ်ပေါင်းစုံ ထုပ်စီးတိုးပြိုင်ပွဲများနှင့် ကြက်တောင်ရိုက်ပြိုင်ပွဲများ ယှဉ်ပြိုင်ကစားနေမှုများအား တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာဝန်ထမ်း များနှင့်မိသားစုဝင်များ၊ မုံရွာမြို့ပေါ်ရှိ တက္ကသိုလ်၊ဒီဂရီကောလိပ်များမှ ဆရာ၊ဆရာမများ၊ ကျောင်းသား၊ကျောင်း သူများ၊ အားကစားချစ်မြတ်နိုးသူများနှင့်အတူ ကြည့်ရှုအားပေးခဲ့ကြ သည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန် ရှိသူများသည် မုံရွာမြို့၊ အမှတ် (၂)အခြေခံပညာအထက်တန်းကျောင်းရှိ သလ္လာဝတီခန်းမတွင် ကျင်းပပြုလုပ်သည့် ၂၀၂၆-ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်မြင့်မားရေးနှင့် ဂုဏ်ထူးရကျောင်းသား၊ ကျောင်းသူများ ပိုမိုပေါ်ထွက်လာစေရေး အခမ်းအနားသို့ တက်ရောက် အမှာစကားပြောကြားသည်။
တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက် ရေးအတွက် အသိပညာ၊ အတတ်ပညာများနှင့်ပြည့်စုံသည့် ပညာတတ်များပေါများရန် လိုအပ်သကဲ့သို့ နိုင်ငံတော်၏ ဒေသအတွင်းနှင့်ဒေသအလိုက် ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေးကဏ္ဍများ ကွာဟချက်များမကြီးမားစေရန်နှင့် ပညာတတ်မြောက်ပြီး အသိပညာနှင့်ပြည့်စုံသည့် ဗလငါးတန်ဖြင့်ပြည့်ဝသော ပညာတတ်များပေါများစေရန် လို အပ်ပါကြောင်း၊ တာဝန်ရှိသူအားလုံးအနေဖြင့်လည်း ၂၀၂၆-ခုနှစ်၊ တက္ကသိုလ်စာမေးပွဲအား ယခင်နှစ်များထက် မျှော်မှန်းအောင်ချက်ရာခိုင်နှုန်းထက် ကျော်လွန်သောအောင်မြင်မှုများရရှိအောင်အစွမ်းကုန်အလေး ထားပူးပေါင်းဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း၊ အခမ်းအနားသို့ တက်ရောက်လာသူများအနေဖြင့် မိမိတို့တိုင်းဒေသကြီး၏ ပညာရေးဆိုင် ရာလုပ်ငန်းစဉ်များတွင် စိတ်ရောကိုယ်ပါ ပါဝင်ဆောင်ရွက်ရင်း ဒေသဖွံ့ဖြိုးရေး၊ တည်ငြိမ်အေး ချမ်းရေးနှင့် လူနေမှုအဆင့်အတန်းမြင့်မားရေး ဖော်ဆောင်မှုများတွင် ဝိုင်းဝန်းပါဝင် ဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း ပြောကြားခဲ့သည်။
ယင်းနောက် တိုင်းဒေသကြီး ပညာရေးမှူးက ၂၀၂၆-ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်မြင့်မားရေးနှင့် ဂုဏ်ထူးရကျောင်းသား၊ကျောင်းသူများ ပိုမိုပေါ်ထွက်လာစေရေးအတွက် ကြိုတင်စီမံဆောင်ရွက်နေမှုလုပ်ငန်းများအား ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ မုံရွာတက္ကသိုလ်နှင့်မုံရွာစီးပွားရေးတက္ကသိုလ်မှ ဒုတိယပါမောက္ခချုပ်၊ ပါမောက္ခများ၊ ပါမောက္ခဌာနမှူးများက ၂၀၂၅-ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ၏ ဘာသာရပ်ဆိုင်ရာအားသာချက်၊ အားနည်းချက်များအရ ၂၀၂၆-ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်မြင့်မားရေးနှင့် ဂုဏ်ထူးရကျောင်းသား၊ကျောင်းသူများ ပိုမိုပေါ်ထွက်လာစေ ရေးအတွက် သင်ကြားရေးလုပ်ငန်းများနှင့် ပတ် သက်၍ လည်းကောင်း၊ မုံရွာခရိုင် ပညာရေးမှူးက ၂၀၂၆-ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်မြင့်မားရေးနှင့် ဂုဏ်ထူးရကျောင်းသား၊ကျောင်းသူများ ပိုမိုပေါ်ထွက်လာစေရေးအတွက် ဆက်လက်ဆောင်ရွက်သွားမည့် လုပ်ငန်းအခြေအနေများအား လည်းကောင်း ရှင်းလင်းပြောကြားကြသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က တိုင်းဒေသကြီး ပညာရေးမှူးထံ ၂၀၂၆-ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်မြင့်မားရေးအတွက် ငွေကျပ် ၃၉ သိန်းအား ပေးအပ်ချီးမြှင့်သည်။
ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်က နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ပြီး တာဝန်ရှိသူများနှင့်အတူ စုပေါင်းမှတ်တမ်းတင် ဓါတ်ပုံရိုက်ကူးခဲ့ကြပြီး ၂၀၂၆-ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်မြင့်မားရေးနှင့် ဂုဏ်ထူးရကျောင်းသား၊ကျောင်းသူများ ပိုမိုပေါ်ထွက်လာစေရေးဆိုင်ရာ မှတ်တမ်းဓါတ်ပုံများနှင့် အချက် အလက်များအား လိုက်လံကြည့်ရှုခဲ့ကြောင်း သိရသည်။




































