မုံရွာ၊ ဖေဖော်ဝါရီ ၂
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ ကန့်ဘလူခရိုင်/မြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ် ချုပ်ရေးကော်မတီ ဥက္ကဌများနှင့် တာဝန်ရှိသူများသည် ဖေဖော်ဝါရီလ ၂ ရက်၊ နံနက်ပိုင်း တွင် ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန၊ ကန့်ဘလူဥယျာဉ်ခြံသို့ ရောက်ရှိရာ ကန့်ဘလူခရိုင် စိုက်ပျိုးရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူးမှ ကန့်ဘလူခရိုင်အတွင်းရှိ မြို့နယ်များ၌ GAP စနစ်ဖြင့် စိုက်ပျိုးထားရှိသည့် သီးနှံများအောင်မြင်ဖြစ်ထွန်းမှုများအား လည်းကောင်း၊ ကန့်ဘလူဥယျာဉ်ခြံ တာဝန်ခံမှ ခြံအတွင်းစိုက်ပျိုးထားရှိသည့် သီးနှံများ အောင်မြင်ဖြစ်ထွန်းများအား လည်းကောင်း Power Point ဖြင့် ရှင်းလင်းတင်ပြကြသည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က GAP စနစ်ဖြင့် စိုက်ပျိုးထားရှိသည့် သီး နှံများအား ပြည်သူများဈေးနှုန်းသင့်တင့်စွာဖြင့် စားသုံးနိုင်ရေး၊ ပိုးမွှားအန္တရာယ်ကင်းရှင်း ရေး၊ဓာတုဆေးများမသုံးစွဲရေးနှင့် ပြည်ပဈေးကွက်သို့ တင်ပို့ရောင်းချနိုင်ရေးတို့အား တာ ဝန်ရှိသူများအား မှာကြားကာ ရှင်း လင်းတင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန် ရှိသူများနှင့် ဖြည်းဆည်းပေါင်းစပ် ဆောင် ရွက်ပေးခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် အဆိုပါခြံ အတွင်း စိုက်ပျိုးထားရှိသည့် စိန်တလုံးသရက်ပင်များ ကိုင်းကူးပျိုး ထောင်ထားရှိမှုများ၊ စိန်တလုံးသရက်နှင့် ကြက်သွန် သီးညှပ်စိုက်ပျိုးထားရှိမှုများနှင့် သရက်စိုက်ကွင်းအတွင်း ပိုက်ဆံလျှော်မျိုးစေ့ထုတ် သီးညှပ်စိုက်ပျိုးထားရှိမှုများအား လိုက်လံကြည့်ရှုခဲ့ကြသည်။
ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ကန့်ဘလူမြို့၊ အမှတ်(၅) ရပ်ကွက်ရှိ အခြေခံပညာအလယ်တန်းကျောင်းသို့ ရောက်ရှိရာ ၁ ထပ်ကျောင်းဆောင်အဟောင်း အမိုး၊ အကာ၊ အခင်းနှင့်မျက်နှာကျက်များ ပြန်လည်ပြုပြင်နေမှုများ အား လိုက်လံကြည့်ရှုခဲ့ကြပြီး လိုအပ်သည်များ ကိုတာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ကန့်ဘလူမြိုု့၊အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်းသို့ ရောက်ရှိရာ အဆိုပါကျောင်း၏ ဘင်ခရာ အဖွဲ့အား ငွေကျပ် - ၁၀ သိန်းအားပေးအပ်ချီးမြှင့်ပြီး ခရိုင်/မြို့နယ် ပညာရေးမှူး၊ ကျောင်း အုပ်ကြီးနှင့် ဆရာ/ဆရာမများနှင့် တွေ့ဆုံ၍ တိုင်းဒေသကြီး ပညာရေးရေးမှူးက တိုင်းဒေ သကြီးအတွင်းရှိ မြို့နယ်များ၌ ပညာသင်နှစ်အလိုက် သင်ကြားရေးလုပ်ငန်းများဆောင် ရွက်နေမှုများအား ရှင်းလင်းပြောကြားသည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က နိုင်ငံတော်နှင့်မိမိတို့တိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့် တိုင်းဒေသကြီးအတွင်းရှိ အခြေခံပညာကျောင်းများဖွံ့ဖြိုးတိုးတက်ရေး၊ ကျောင်းများ ဥပတိရုပ်ကောင်းမွန်စေရေး ဆေင်ရွက်ပေးနေမှုနှင့် သင်ထောက်ကူ ပစ္စည်းများအား စဉ်ဆက်မပြတ် ပံ့ပိုးကူညီဆောင်ရွက်ပေးနေမှု အခြေအနေများအား ရှင်း လင်းပြောကြားပြီး ဆရာ/ဆရာမများအနေဖြင့်လည်း မိမိကျောင်းအား အမြဲသန့်ရှင်းသပ်ရပ်စေရေးအတွက် တာဝန်ရှိသူများနှင့် ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်သွားကြရန် လိုအပ် ပါကြောင်း ပြောကြားခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်က ကျောင်းအုပ်ဆရာမကြီးထံ ဆရာ/ ဆရာမများအတွက် ငွေကျပ်- ၁၀ သိန်းအား ပေးအပ်ချီးမြှင့်ခဲ့ပြီး ဆရာ/ဆရာမများအား ရင်းရင်းနှီးနှီး နှုတ်ဆက်ခဲ့ကြသည်။
ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ကန့်ဘလူမြို့၊ အစိုးရစက်မှုလက်မှု(သိပ္ပံ)သို့ ရောက်ရှိရာ ကျောင်းအဝင်လမ်း အရှည် - ၄၇၀ ပေ၊ ကတ္တရာ လမ်းခင်းကျင်းနေမှုများအား ကြည့်ရှုခဲ့ကြပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ကန့်ဘလူခရိုင်၊ စုပေါင်းရုံးရှိ ရွှေဆည်မြိုင်ခန်းမတွင် ကျင်းပပြုလုပ်သည့် စစ်ကိုင်းတိုင်းဒေသကြီး အစိုးရ အဖွဲ့၏ ဦးဆောင်မှုဖြင့် လူငယ်ရေးရာကော်မတီနှင့် ကန့်ဘလူခရိုင် စီမံခန့်ခွဲရေးနှင့်အုပ် ချုပ်ရေးကော်မတီတို့ ပူးပေါင်းဖွင့်လှစ်သည့် အမျိုးသား ဆံသသင်တန်း ဖွင့်ပွဲအခမ်းအနား သို့တက်ရောက်ကြသည်။
ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က မိမိတိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့် တိုင်း ဒေသကြီးအတွင်းရှိ ဒေသခံပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိစေရေး အတွက် တာဝန်ရှိသူများနှင့် ပူးပေါင်းဆောင်ရွက်ပေးလျက် ရှိပါကြောင်း၊ သင်တန်းသား များအနေဖြင့်လည်း သင်တန်းမှရရှိခဲ့သည့် ပညာရပ်များအား လက်တွေ့နယ်ပယ်တွင် အသုံးချကာ မိသားစုဝင်ငွေရရှိရေးအတွက် ကြိုးစားသင်ယူသွားကြရန် လိုအပ်ပါကြောင်း ပြောကြားခဲ့သည်။
ယင်းနောက် ဆံသသင်တန်းဆရာမှ သင်တန်းတွင်သင်ကြားသွားမည့် ဘာသာရပ် များအားရှင်းလင်းပြောကြားသည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်က ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော် မတီ ဥက္ကဌထံ သင်တန်းသားများအတွက် စားစရိတ်ငွေ - ၁၈ သိန်းအား ပေးအပ်ချီးမြှင့်ခဲ့ပြီး တိုင်းဒေသကြီး သယံဇာ တရေးရာဝန်ကြီးက သင်တန်းသားတစ်ဦးထံ ဆံသပစ္စည်းများ အား ထောက်ပံ့ပေးအပ်ကြသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက အခမ်းအနားသို့ တက် ရောက်လာသူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့ကြောင်း သိရသည်။





