စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် ကန့်ဘလူခရိုင်အတွင်းရှိ ပြည်သူ့စစ် (ဌာနေ)အဖွဲ့များနှင့် တွေ့ဆုံ၊ ကန့်ဘလူမြို့နယ် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှုလိုက်လံကြည့်ရှု
မုံရွာ၊ နိုဝင်ဘာ ၁၆
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ ကန့်ဘလူခရိုင်/မြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ် ချုပ်ရေးကော်မတီ ဥက္ကဌနှင့် တာဝန်ရှိသူများသည် နိုဝင်ဘာလ ၁၆ ရက်၊ နံနက်ပိုင်းတွင် ကန့်ဘလူခရိုင် စုပေါင်းရုံးရှိ ရွှေဆည်မြိုင်ခန်းမတွင် ကျင်းပပြုလုပ်သည့် ကန့်ဘလူခရိုင် အတွင်းရှိ ပြည်သူ့စစ်(ဌာနေ)အဖွဲ့များနှင့် တွေ့ဆုံပွဲ အခမ်းအနားသို့ တက်ရောက်ကြ သည်။
ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က ကန့်ဘလူခရိုင်အတွင်းရှိ ပြည် သူ့စစ်(ဌာန)အဖွဲ့ တပ်ဖွဲ့ဝင်များအား ဂုဏ်ပြုအားပေးစကား ပြောကြားသည်။
ယင်းနောက် ကန့်ဘလူမြို့၊ သာသနာ့ရောင်ခြည်ကျောင်းတိုက်မှ ဦးဝါသဝ(၅၅၀-ဆရာတော်)မှ ကန့်ဘလူခရိုင်အတွင်းရှိ နယ်မြေများတည်ငြိမ်အေးချမ်းရေးအတွက် နိုင်ငံတော်အစိုးရနှင့် တပ်မတော်မှ စောင့်ရှောက်မှုနှင့် ထောက်ပံ့ချီးမြှင့်မှုများကို ရှင်းလင်းပြော ကြားသည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်က ကန့်ဘလူခရိုင်အတွင်းရှိ ကန့်ဘလူ မြို့၊ကျွန်းလှမြို့နှင့်တန့်ဆည်မြို့များရှိ ပြည်သူ့စစ်(ဌာနေ)အဖွဲ့များအား ဂုဏ်ပြုချီးမြှင့်ငွေ ကျပ် - ၁၀ သိန်းစီအား ပေးအပ်ချီးမြှင့်ပြီး ပြည်သူ့စစ်(ဌာနေ)အဖွဲ့များကိုယ်စား ပြည်သူ့စစ် (ဌာနေ)တပ်ဖွဲ့ဝင် တစ်ဦးကကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က နိဂုံးချုပ်အမှာစကား ပြောကြားပြီး တွေ့ ဆုံပွဲအခမ်းအနားသို့ တက်ရောက်လာကြသည့် ပြည်သူ့စစ်(ဌာနေ)အဖွဲ့များအား ရင်းရင်း နှီးနှီး လိုက်လံနှုတ်ဆက်ခဲ့ကြသည်။
ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ကန့်ဘလူမြို့၊ ညောင်အိုင်ရပ်ကွက်ရှိ အမှတ်(၃)အခြေခံပညာအထက်တန်း ကျောင်း(ခွဲ)၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ အခြေခံ ပညာအထက်တန်းအဆင့်ဘာသာရပ် စွမ်းရည်ဆွေးနွေးပွဲသို့ တက် ရောက်နေကြသည့် ကန့်ဘလူမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ဆရာ/ဆရာ မများ သင်တန်းတက်ရောက်နေမှုများအား သွားရောက်ကြည့်ရှုအားပေးခဲ့ကြပြီး တာဝန်ရှိ သူများနှင့် ဆရာ/ဆရာမများအတွက် ဂုဏ်ပြုချီးမြှင့်ငွေကျပ် သိန်း -၃၀ အား ပေးအပ်ချီး မြှင့်ခဲ့သည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ကန့်ဘလူမြို့၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၌ ရောက်ရှိရာ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ အခြေခံပညာအလယ်တန်းနှင့်မူလတန်းအဆင့်များ ဘာသာရပ်စွမ်းရည်ဆွေးနွေးပွဲသို့ တက်ရောက်နေကြသည့် ကန့်ဘလူမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ဆရာ/ဆရာမများ သင်တန်းတက်ရောက်နေမှုများအား သွားရောက်ကြည့်ရှုအားပေးခဲ့ကြ ပြီး တာဝန်ရှိသူများနှင့် ဆရာ/ဆရာမများအတွက် ဂုဏ်ပြုချီးမြှင့်ငွေကျပ် သိန်း -၆၀ အား ပေးအပ်ချီး မြှင့်ခဲ့သည်။
အလားတူ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် နိုဝင်ဘာလ ၁၅ ရက်၊ နံနက်ပိုင်းတွင်း ကန့်ဘလူမြို့နယ်၊ တောက္ကရှပ်-မင်းကုန်းလမ်း အရှည် - ၁၆၈၂ ပေ၊ အကျယ် -၁၂ ပေ၊ ကွန်ကရစ်လမ်းခင်းကျင်းရန် အောက်ခံကျောက်ခင်းခြင်း လုပ်ငန်း ဆောင်ရွက်နေမှု၊ ကန့်ဘလူမြို့နယ်၊ မူးဘောင်လမ်းမှ ကံရိုးရွာအဝင်လမ်း အရှည် - ၇ ဖာလုံ၊ အကျယ် - ၁၂ ပေ၊ ကျောက်ခင်းခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုများအား လိုက်လံ ကြည့်ရှုစစ်ဆေးခဲ့ကြပြီး လမ်းခင်းခြင်းလုပ်ငန်းများ အရည်အသွေးပြည့်မီစွာဖြင့် ဆောင် ရွက်သွားရေးတို့အား တာဝန်ရှိများကို မှာကြားကာ လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ကန့်ဘလူမြို့ နယ်၊ တောက္ကရှပ်ကျေးရွာအုပ်စု ကွင်းအမှတ်(၆၀၂) တောင်သူ ဦးဌေးသိန်း စိုက်ပျိုးထား ရှိသည့် မကွေး-(၁၆)မြေပဲစိုက်ခင်း ၃.၄၀ဧကနှင့် ကံရိုးကျေးရွာကွင်းအမှတ် (၆၅၃) တောင်သူ ၁၄ ဦး စုပေါင်းစိုက်ပျိုးထားရှိသည့် မကွေး-(၁၆)မြေပဲစိုက်ခင်း ၇ ဧကအတွင်း ကျင်းပပြုလုပ်သည့် ဆီထွက်သီးနှံ(ဆောင်းမြေပဲ) ပန်းတိုင်းအထွက်နှုန်းပြည့်မီရေးအတွက် ယူရီးယား +လက်ချား(ဘိုရွန်)ပတ်ဖျန်းခြင်း ကွင်းသရုပ်ပြပွဲများသို့ တက်ရောက် ရာ ဒေသခံတောင်သူများအတူ ကွင်းသရုပ်ပြသနေမှုများအား ကြည့်ရှုအားပေးခဲ့ကြပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်က ကန့်ဘလူခရိုင်အတွင်း ဆီထွက်သီးနှံများတိုးချဲ့စိုက်ပျိုးရေး နှင့်စိုက်ပျိုးသည့်သီးနှံများ ပန်းတိုင်အထွက်နှုန်းရရှိရေးတို့အား တာဝန်ရှိသူများကို မှာ ကြားခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ကန့်ဘလူမြို့ နယ်၊ သာယာတဲစုကျေးရွာရှိ ဦးသန်းလိူင်၏ ကန်ဧရိယာ (၃၆.၈၈)ဧကအတွင်း ငါးတန်၊ငါးမုတ်နှင့်ငါးမြစ်ချင်း ကောင်ရေ(၇၅၀၀၀) မွေးမြူထားရှိမှုအား သွားရောက်ကြည့်ရှုခဲ့ကြပြီး ငါးစားသုံမှုဖူလုံစေရန်အတွက် တိုးချဲ့မွေးမြူသွားရေးနှင့် စားသုံးများကို ဈေးနှုန်းသက်သာ စွာဖြင့် လုံလောက်စွာရောင်းချနိုင်ရေးတို့အား မှာကြားခဲ့ပြီး လိုအပ်သည်များကို တာဝန်ရှိ သူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ကန့်ဘလူမြို့နယ်၊ တောက္ကရှပ်ကျေးရွာရှိ တစ်ရက်လျှင် ဆန် - ၅၀၀ တင်းနှင့် မြေပဲ - ၆၀ တင်းကြိတ်ခွဲနေ သည့် “ကိုတိုး” ဆန်စက်နှင့်ဆီစက်သို့ ရောက်ရှိရာ လုပ်ငန်းရှင်မှ စက်ရုံအတွင်း ကုန်ကြမ်းရရှိမှုနှင့် ကြိတ်ခွဲထုတ်လုပ်မှု လုပ်ငန်း များဆောင်ရွက်နေမှုအခြေအနေများကို လိုက်လံရှင်းလင်းပြသရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က ရှင်းလင်းပြသမှုများအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင် ရွက်ပေးခဲ့ကြောင်း သိရသည်။

































