မုံရွာ၊ အောက်တိုဘာ ၂၄
စစ်ကိုင်းတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ (၉/၂၀၂၅) အစည်းအဝေးကို အောက်တိုဘာလ ၂၄ ရက်၊ နံနက်ပိုင်းတွင် တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ရာ အစည်းအဝေးသို့ တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ ဥက္ကဌ၊ တိုင်းဒေသကြီး ဝန်ကြီချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်း ဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ အဖွဲ့ဝင်များနှင့် တာဝန်ရှိသူများ၊ ကုမ္ပဏီလုပ်ငန်းရှင် များ တက်ရောက်ကြသည်။
ဦးစွာ တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ ဥက္ကဌ၊ တိုင်းဒေသကြီး ဝန်ကြီချုပ် ဦးမြတ်ကျော်က မိမိတို့ကော်မတီအနေဖြင့် နိုင်ငံတော်မှချမှတ်ထားသည့် စီးပွားရေး ဦး တည်ချက်များနှင့်အညီ တိုင်းဒေသကြီးအတွင်း စီးပွားရေးကဏ္ဍဖွံ့ဖြိုးတိုးတက်စေရန် ပြည် တွင်း၊ပြည်ပ ရင်းနှီးမြှုပ်နှံမှုများ တိုးတက်များပြားလာအောင် ဖိတ်ခေါ်ဆောင်ရွက်သွားကြ ရန် လိုအပ်ပါကြောင်း၊ ယခုလို ဖိတ်ခေါ်ဆောင်ရွက်ရာတွင် တာဝန်သိမှု၊ တာဝန်ယူမှု၊ တာဝန်ခံမှုရှိသည့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများဖြစ်စေရန်နှင့် လုပ်ငန်းရှင်များအတွက် စီးပွား ရေးဝန်းကျင်ကောင်းတစ်ခု ဖြစ်လာစေရန် သက်ဆိုင်ရာဌာနများမှ ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်သွားကြရန်လိုအပ်ပါကြောင်း ပြောကြားခဲ့သည်။
ယင်းနောက် တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ အတွင်းရေးမှူး၊ တိုင်းဒေသကြီးရင်းနှီး မြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်ဆင့်ဆင့်သန်းက ယခင်အစည်း အဝေးဆုံးဖြတ်ချက်များ၏ ဆောင်ရွက်ပြီးစီးမှု အခြေ အနေများနှင့် ပတ်သက်၍ Power Point ဖြင့် ရှင်းလင်းတင်ပြသည်။
ယင်းနောက် အစည်းအဝေးသို့ တက်ရောက်လာကြသည့် Taw Win Myanmar Sanyu Co, ltd (တော်ဝင်မြန်မာစန်းယု ကုမ္ပဏီလီမိတက်)မှ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုဥပ ဒေနှင့်အညီ ဝက်မွေးမြူထုတ်လုပ်ရောင်းချ ခြင်းလုပ်ငန်းဆောင်ရွက်ခွင့်ပြပါရန် အတည် ပြုလျှောက်ထားလွှာတင်ပြလာခြင်းကိစ္စအား လည်းကောင်း၊ ဆန်စပါးကြိတ်ခွဲသိုလှောင် ဖြန့်ဖြူးရောင်းချခြင်း လုပ်ငန်းများဆောင်ရွက်လျက်ရှိသည့် Centig Shwe Bo Co, ltd (စန်းတစ်ရွှေဘို ကုမ္ပဏီလီမိတက်)၊ ကြက်မွေးမြူရောင်းချခြင်းလုပ်ငန်း ဆောင်ရွက်လျက် ရှိသည့် May Kha Zaw Co, ltd (မေခဇော် ကုမ္ပဏီလီမိတက်)နှင့် Moccona Co, ltd (မိုကိုးနာ ကုမ္ပဏီလီမိတက်)တို့မှ တည်ဆောက်ရေးကာလ တိုးမြှင့်ခွင့်ပြုပါရန် တင်ပြလာ ခြင်းကိစ္စများအား Power Point ဖြင့် ရှင်းလင်းတင်ပြကြသည်။
ဆက်လက်၍ တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီအဖွဲ့ဝင်များက မိမိတို့တာဝန် ယူဆောင်ရွက်နေသည့်လုပ်ငန်းများနှင့် ပတ်သက်၍ ပူးပေါင်းဆောင်ရွက်ပေးသွားမည့် အခြေအနေများအား ရှင်းလင်းပြောကြားကြသည်။
ထို့နောက် တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ ဥက္ကဌ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်က အစည်း အဝေးသို့ တက်ရောက်လာသူများ၏ အသီးသီးရှင်းလင်း ဆွေးနွေး တင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ပြီး နိဂုံးချုပ်အမှာစကား ပြောကြားခဲ့သည်။
ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မွန်းလွဲပိုင်းတွင် တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အစည်းအဝေးတွင် ကျင်းပပြုလုပ်သည့် တိုင်းဒေသကြီး ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ (၉/၂၀၂၅)သို့ တက်ရောက်ကြသည်။
ဦးစွာ တိုင်းဒေသကြီးဒေသဆိုင်ရာခရီးသွားလုပ်ငန်း ကော်မတီ ဥက္ကဌ၊ တိုင်းဒေသ ကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်က မိမိတို့တိုင်းဒေသကြီး အစိုးရအနေဖြင့် တိုင်းဒေသကြီးဖွံ့ ဖြိုးတိုးတက်ရေးနှင့် အများပြည်သူအတွက် လိုအပ်ချက်များအား တာဝန်ရှိသူများနှင့် ပူး ပေါင်းကာ အမြဲမပြတ် စဉ်းစားဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ခရီးသွားလုပ်ငန်း ကြောင့် သဘာဝပတ်ဝန်းကျင်မထိခိုက်အောင် အမှိုက်များအား စနစ်တကျစွန့်ပစ်တတ် သည့် အလေ့အကျင့်ကောင်းများဖြင့် စနစ်တကျခွဲခြားစွန့်ပစ်တက်ရန် ပညာပေးခြင်း၊ သက်ဆိုင်ရာမှလည်း အမှိုက်သိမ်းခြင်း၊ အမှိုက်ပုံးများလုံလောက်အောင် စီစဉ်ပေးခြင်းဖြင့် တိုင်းဒေသကြီး၏ ခရီးသွားလုပ်ငန်းပုံရိပ်အား မြှင့်တင်ပေးသွားကြရန် လိုအပ်ပါကြောင်း ပြောကြေားခဲ့သည်။
ယင်းနောက် တိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီး ဒေါ်ရီရီသန်းက ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းဆိုင်ရာများနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီး တိုင်းဒေသကြီး ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာနရုံးမှ လက်ထောက်ညွှန်ကြားရေးမှူးက ခရီးသွား လုပ်ငန်းကော်မတီ ၈/၂၀၂၅ ၏ အစည်း အဝေးဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ထားရှိ မှုနှင့်ဆောင်ရွက်ဆဲအခြေအနေများ၊ ယခုအစည်း အဝေးတွင် ဆုံးဖြတ်အတည်ပြုပေးရမည့် ကိစ္စရပ်များနှင့် တိုင်းဒေသကြီးအတွင်း ခရီးသွားဝင်ရောက်မှု အခြေအနေများအား Power Point ဖြင့် ရှင်းလင်းတင်ပြသည်။
ဆက်လက်၍ အစည်းအဝေးသို့ တက်ရောက်လာသည့် ကော်မတီအဖွဲ့ဝင်များက မိမိတို့ဌာနများအလိုက် တိုင်းဒေသကြီးအတွင်းရှိ ခရီးသွားဇုန်များ၌ သန့်ရှင်းသပ်ရပ်မှု လုပ်ငန်းများ ဆောင်ရွက်ထားရှိမှုများ၊ ခရီးသွားများ သွားလာရေး၊နေထိုင်ရေးနှင့် ဟို တယ်/တည်းခိုရိပ်သာများပတ်ဝန်းကျင် စိမ်းလန်းစိုပြေရေးလုပ်ငန်းများ ဆောင်ရွက်ထား ရှိမှုများအား လည်းကောင်း၊ ဟိုတယ်/တည်းခိုရိပ်သာ လုပ်ငန်းရှင်များက မိမိတို့လုပ်ကိုင် ဆောင်ရွက်နေသည့် လုပ်ငန်းများနှင့် ပတ်သက်၍ ဖြည့်ဆည်းပေးရန် လိုအပ်မှုအခြေ အနေများအား လည်းကောင်း အသီးသီးအကြံပြုဆွေးနွေး တင်ပြကြသည်။
ထို့နောက် တိုင်းဒေသကြီး ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီဥက္ကဌ၊ တိုင်းဒေသကြီးဝန်ကြီး ချုပ် က အစည်းအဝေးသို့ တက်ရောက်လာသူ များ၏ အကြံပြုဆွေးနွေး တင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ပြီး နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။



