စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် စစ်ကိုင်းမြို့ “ကြံ့နှစ်ကောင်ဖောင်ဒေးရှင်း” စာသင်ကျောင်းဆောင်သစ် ဖွင့်ပွဲနှင့် ၂၀၂၅-၂၀၂၆ ခုနှစ်၊ မိုးစပါးပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် မြေဩဇာ၊ မျိုးစေ့များနှင့် လယ်ယာသုံးစက်မောင်း ဆီများ ပေးအပ်ချီးမြှင့်ပ
မုံရွာ၊ စက်တင်ဘာ ၁၀
စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့၊ မင်းလမ်းရပ်ကွက်ရှိ အခြေခံပညာအလယ် တန်းကျောင်း(ခွဲ) “ကြံ့နှစ်ကောင်ဖောင်ဒေးရှင်း”စာသင်ကျောင်းဆောင်သစ် ဖွင့်ပွဲအခမ်း အနားကို စက်တင်ဘာလ ၁၀ ရက်၊ နံနက်ပိုင်းတွင် အဆိုပါကျောင်းဆောင်တွင် ကျင်းပရာ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ကြံ့နှစ်ကောင်ဖောင်ဒေးရှင်းမှ တာဝန်ရှိသူများ၊ ဆရာ/ဆရာမများနှင့် ကျောင်းသား၊ကျောင်းသူများ တက်ရောက်ကြ သည်။
ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး လူမှုရေးရာ ဝန်ကြီး ဦးညွန့်ဝင်းအောင်၊ ကြံ့နှစ်ကောင်ဖောင်ဒေးရှင်းမှ တာဝန်ရှိသူများနှင့် ကျောင်းအုပ် ဆရာမကြီးတို့က အလျား - ၁၂၀ ပေ၊ အနံ - ၃၀ ပေ၊ အမြင့် - ၁၂ ပေ၊ RC ၁ ထပ် ကျောင်း ဆောင်သစ်အား ဖဲကြိုုးဖြတ်ဖွင့်လှစ်ပေးကြပြီး စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံ ရိုက်ကူးကြ သည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန် ရှိသူများက ကျောင်းဆောင် သစ်ကဗ္ဗည်းမှတ်တမ်းအား အမွှေးနံ့သာရေများ ပတ်ဖျန်းပေးကာ ကျောင်း ဆောင်သစ် အတွင်း ကျောင်းသား၊ကျောင်းသူများ ပညာသင်ကြားနေမှုများအား လိုက်လံကြည့်ရှုခဲ့ကြ သည်။
ဆက်လက်၍ ဒုတိယပိုင်း အခမ်းအနားကို ကျင်းပရာ စစ်ကိုင်းမြို့၊ အခြေခံပညာ အလယ်တန်းကျောင်း(ခွဲ)ထူပါရုံမှ ကျောင်းသား/ကျောင်းသူများက “မြန်မာ့ကျောင်း” သီ ချင်းသီဆို၍ အခမ်းအနားအား ဖွင့်လှစ်ကြသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးမြတ်ကျော် က ယခုဖွင့်လှစ်ခဲ့သည့် ကျောင်းဆောင်သစ်သည် ကျောင်းသား၊ကျောင်းသူများနှင့် ဆရာများအတွက် လုံခြုံစိတ် အေးချမ်းစွာ ပညာသင်ကြား၊ သင်ယူနိုင်စေရေး မိဘ၊ ဆရာ၊ ဌာနများ၊ အလှူရှင်များ ပူးပေါင်းဆောင်ရွက်၍ ပေါ်ထွန်းလာသည့် အသီးအပွင့်ဖြစ်သည်နှင့်အညီ ကျောင်းအုပ်ကြီး နှင့်တာဝန်ရှိသူအားလုံးမှ နိုင်ငံတော်မှ အားကိုးအား ထားပြုရမည့် တိုင်းပြည်အကျိုးပြု နိုင်ငံ့သားကောင်းများပေါ်ထွန်းလာစေရန် သင်ကြားပြသ မွေးထုတ်ပေးသွားကြရန် လိုအပ်ပါကြောင်း ပြောကြား သည်။
ဆက်လက်ပြီး ကြံ့နှစ်ကောင်ဖောင်ဒေးရှင်းမှ တာဝန်ရှိသူတစ်ဦးက ကျောင်းဆောင်သစ်ဆောက် လုပ်လှူဒါန်းရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီးတိုင်းဒေသကြီးပညာရေးမှူးက ကျေးဇူး တင်စကား ပြန်လည်ပြောကြားသည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်က ကြံ့နှစ်ကောင်ဖောင်ဒေးရှင်းမှ တာဝန် ရှိသူများထံ ကျောင်းဆောင်သစ်ဖွင့်ပွဲ အထိမ်းအမှတ် ဂုဏ်ပြုမှတ်တမ်းလွှာအား ပေးအပ် ပြီး ကြံ့နှစ်ကောင်ဖောင်ဒေးရှင်းမှ တာဝန်ရှိသူတစ်ဦးက မြို့နယ်ပညာရေးမှူးထံ ကျောင်း ဆောင်သစ်နှင့်ပတ်သက်သည့် စာရွက်စာတမ်းများအား ပေးအပ်သည်။
ထို့နောက် တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီးနှင့် ကြံ့နှစ်ကောင်ဖောင်ဒေးရှင်းမှ ကျောင်းဆောင်သစ်ဖွင့်ပွဲ အခမ်းအနားတွင် ပါဝင်ကူညီခဲ့ကြသည့် ဘင်ခရာ/ပန်းပွားအဖွဲ့များနှင့် သီဆိုကပြဖျော်ဖြေပေးသွားကြသည့် ကျောင်းသား၊ကျောင်းသူများအား ဂုဏ်ပြု ချီးမြှင့်ငွေများ ပေးအပ်ချီးမြှင့်ခဲ့ကြသည်။
ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် စစ်ကိုင်းမြို့၊ မြို့တော်ခန်းမတွင် ကျင်းပပြုလုပ်သည့် ၂၀၂၅-၂၀၂၆ ခုနှစ်၊ မိုးစပါးပန်းတိုင်အထွက်နှုန်း ရရှိရေးအတွက် ယူရီးယားဓါတ်မြေဩဇာ၊ ဆီထွက်သီးနှံ(နေကြာ၊နှမ်း)မျိုးစေ့များနှင့် လယ်ယာသုံးစက်မောင်းဆီများ ပေးအပ်ချီးမြှင့်ပွဲ အခမ်းအနားသို့ တက်ရောက်ကြသည်။
ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က မိမိတို့တိုင်းဒေသကြီးအတွင်း စိုက်ပျိုးစွမ်းအားမြှင့်တင်နိုင်ရေးအတွက် ဆောင်ရွက်ရာတွင် စိုက်ပျိုးမြေဧရိယာ အသုံးချမှု တိုးတက်ရေး၊ တစ်ဧကထုတ်လုပ်မှုစွမ်းအားတိုးတက်ရေးနှင့် တောင်သူများဝင်ငွေတိုး တက်ရရှိရေးအတွက် ရည်မှန်းဆောင် ရွက်သွားကြရန်နှင့် စိုက်ပျိုးနေသည့်သီးနှံအလိုက် ပန်းတိုင်အထွက်နှုန်းရရှိရေး၊ သီးထပ်စွမ်းအားတိုးတက်ရေး၊ ကိန်းဂဏန်းအချက်အလက်များမှန်ကန်စေရေးတို့အတွက် တာဝန်ရှိသူများနှင့် ဒေသခံတောင်သူများမှ အလေးထား ကြိုးပမ်းဆောင်ရွက်သွားရန် လိုအပ်ပါကြောင်း ပြောကြားခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးက ဓါတ်မြေ ဩဇာအသုံးပြုခြင်း သိကောင်းစရာအကြောင်းအား လည်းကောင်း၊ စစ်ကိုင်းခရိုင် စီမံခန့်ခွဲ ရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဌက စစ်ကိုင်းခရိုင်းအတွင်း သီးနှံများစိုက်ပျိုးထားရှိမှု အခြေအနေများအား လည်းကောင်း ရှင်းလင်းပြောကြားကြသည်။
ထို့နောက်တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့များနှင့် တိုင်း ဒေသကြီးအဆင့် ဌာနဆိုင်ရာများက စစ်ကိုင်းမြို့နယ်အတွင်းရှိကျေးရွာ ၈ ရွာမှ ဒေသခံ တောင်သူ ၇၀၀ ဦးအတွက် သွင်းအားစု(ယူရီယား မြေသြဇာများနှင့်လယ်ယာသုံးစက် မောင်းဆီ)များအား ပေးအပ်ချီးမြှင့်ကြသည်။
ဆက်လက်၍ စစ်ကိုင်းခရိုင် ရွေးကော်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ တာဝန်ခံတစ်ဦးက မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)အကြောင်းအား ရှင်း လင်းပြောကြားသည်။
ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန် ရှိသူများက စစ်ကိုင်းမြို့နယ် အတွင်းရှိ ကျေးရွာ ၈ ရွာမှ ဒေသခံတောင်သူ ၇၀၀ ဦးတို့က မြန်မာအီလက်ထရောနစ်မဲ ပေးစက်(MEVM)ဖြင့် လက်တွေ့စမ်းသပ်မဲပေးနေမှုများအား ကြည့်ရှုခဲ့ကြပြီး လိုအပ်သည် များ ကိုတာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် အဆိုပါခန်းမ အတွင်း စစ်ကိုင်းမြို့နယ်အတွင်းရှိ ကျေးရွာ ၈ ရွာမှ ဒေသခံတောင်သူ ၇၀၀ အား စားသုံး ဆီများနှင့် လယ်ယာသုံးစက်မောင်းဆီများ ဖြန့်ဖြူးပေးနေမှုများအား ကြည့်ရှုခဲ့ကြပြီး လိုအပ်သည်များကို တာဝန်ရှိသူ များနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။































