စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် ကလေးမြို့ အခြေခံစာကြည့်တိုက်သင် တန်း(၂/၂၀၂၅)ဖွင့်ပွဲအခမ်းအနားတက်ရောက်ပြီး ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်
မုံရွာ၊ ဩဂုတ် ၈
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသ ကြီးအစိုးရအဖွဲ့ဝင် များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများသည် ဩဂုတ်လ ၈ ရက်၊ နံနက် ပိုင်းတွင် ကလေးမြို့၊ ကလေးခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထု အခြေပြုဗဟိုဌာန Community Centre ၌ ကျင်းပပြုလုပ်သည့် အခြေခံစာကြည့်တိုက်ပညာသင်တန်း(၂/၂၀၂၅)ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ရာ ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က စာကြည့်တိုက်မှူးများသည် စာဖတ်သူများအတွက် စာအုပ်စာစောင်များ အလွယ်တကူရှာဖွေနိုင်ရေးအတွက် စာကြည့် တိုက်ပညာအပြည့်ဖြင့် ဝန်ဆောင်မှုများပေးသွားကြရန် ဖြစ်ပါကြောင်း၊ သင်တန်းသား၊ သင်တန်းသူများအနေဖြင့် သင်တန်းမှရရှိလာမည့် စာကြည့်တိုက်ပညာရပ်များအား စိတ်ပါ ဝင်စားစွာဖြင့် ကြိုးစားသင်ယူသွားကြရန်နှင့် မိမိတို့နှင့်သက်ဆိုင်သည့် စာကြည့်တိုက်များ တွင်လက်တွေ့အသုံးချကာ ပြည်သူများအား စာဖတ်သည့်အလေ့အကျင့်များ ရရှိလာ အောင် တာဝန်ရှိသူများနှင့်ပူးပေါင်း၍ ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်သွားကြရန် လိုအပ်ပါ ကြောင်း ပြောကြားခဲ့သည်။
ယင်းနောက် တိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေး ဝန်ကြီး ဦးခင်မောင်အေး အခြေခံစာကြည့်တိုက်ပညာသင်တန်း(၂/၂၀၂၅)အတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ခရိုင်ဦးစီးမှူးထံ ငွေကျပ် ၃၇၅၀၀၀ (သုံးသိန်းခုနှစ်သောင်းငါးထောင်)ကျပ် အား ပေးအပ်ချီးမြှင့်သည်။
ထို့နောက် တိုင်းဒေသကြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးဆန်းဝင်းက အခြေခံစာကြည့်တိုက်သင်တန်း (၂/၂၀၂၅)ဖွင့်လှစ်ရခြင်း နှင့်ပတ်သက်၍ ရှင်းလင်းတင်ပြပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက သင်တန်းသား/ သင်တန်းသူများနှင့်အတူ အမှတ်တရစုပေါင်း မှတ်တမ်းဓါတ်ပုံရိုက်ကူးကာ အဆိုပါရုံးရှိ ကွန်ပျူတာသင်တန်း သင်ကြားပေးနေမှုနှင့် စာကြည့်တိုက်အတွင်း ကလေးလူငယ်များ သုတ/ရသစာအုပ်စာစောင်များ ဖတ်ရှုလေ့လာနေမှုများ၊ ကလေးစာဖတ်ခန်းအတွင်းရှိ ကလေးများ ရုပ်ပုံဆက်နေမှုများအား လိုက်လံကြည့်ရှုခဲ့ကြပြီး တာဝန်ရှိသူများနင့်အတူ အမှတ်တရလက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ကြပြီး ကလေးခရိုင်အတွင်းရှိ အထင်ကရနေ ရာများ၊ ဒေသခံတိုင်းရင်းသားများ၏ အသုံးဆောင်ပစ္စည်းများ ခင်းကျင်းပြသထားသည့် ပြတိုက်ငယ်အတွင်း လိုက်လံကြည့်ရှုခဲ့ကြပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့် ဆည်းပေါင်းစပ် ဆောင်ရွက် ပေးခဲ့သည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ကလေးခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် အခြေခံပညာကျောင်းများမှ ကျောင်းအုပ်ကြီးများနှင့် တွေ့ဆုံ ရာ အခြေခံပညာကျောင်းများမှ ကျောင်းအုပ်ကြီးများက ၂၀၂၅-၂၀၂၆ ပညာသင်နှစ်တွင် အခြေခံပညာကျောင်းများ ဖွင့်လှစ်သင်ကြားနေမှုနှင့် ပညာသင်နှစ်အလိုက် အောင်မြင်မှုရာခိုင်နှုန်းနှင့် ကျောင်းသား၊ကျောင်းသူများ ကျောင်းအပ်နှံမှု၊ သင် ကြားရေးလုပ်ငန်းများဆောင်ရွက်နေမှု အခြေအနေများနှင့် ကျောင်းဆောင်အဆောက် အဦများကြံ့ခိုင်မှု၊ ကျောင်းသုံးပရိဘောဂပစ္စည်းများအသုံးပြုမှု အခြေအနေများနှင့် ပြည့်စုံ လုံလောက်မှု၊ ကျောင်းပတ်ဝန်းကျင် သန့်ရှင်းသပ်ရပ်မှုရှိစေရေး လုပ်ငန်းများဆောင်ရွက် နေမှုအခြအနေများအား ရှင်းလင်းတင်ပြကြသည်။
ထို့နောက် မြို့နယ်/ခရိုင် ပညာရေးမှူးများနှင့် မြို့နယ်/ခရိုင် စီမံခန့်ခွဲရေးနှင့်အုပ် ချုပ်ရေးကော်မတီ ဥက္ကဌများက ကလေးခရိုင်အတွင်းရှိ အခြေခံပညာကျောင်းများ ဖွင့်လှစ် နိုင်မှုနှင့် မိမိတို့ဌာနများအလိုက် ပူးပေါင်းဆောင်ရွက်နေမှု လုပ်ငန်းအခြေအနေများအား ရှင်းလင်းတင်ပြကြသည်။
ဆက်လက်ပြီး တိုင်းဒေသကြီး ပညာရေးမှူးနှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ က ကလေးမြို့ပေါ်ရှိ အခြေခံပညာကျောင်းများမှ ကျောင်းအုပ်ကြီးများ၏ တင်ပြချက်များ အပေါ်လိုအပ်သည်များ ဖြည့်စွက်ဆွေးနွေး တင်ပြကြသည်။
ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်က ကလေးမြို့ခရိုင်/မြို့နယ် ပညာရေး မှူးများနှင့် ကျောင်းအုပ်ကြီးများအနေဖြင့် မိမိတို့တာဝန်ထမ်းဆောင်နေသည့် ကျေးရွာ/ ရပ်ကွက်/မြို့နေပြည်သူများ၏ ယုံကြည်အားကိုးမှုအားရယူကာ ကျောင်းသား/ကျောင်းသူ များအား ပညာတတ်များဖြစ်အောင် စေတနာထားကာ မိဘ၊ဆရာ လက်တွဲညီစွာဖြင့် သင် ကြားရေးလုပ်ငန်းများအား အောင်မြင်အောင် ပူးပေါင်းဆောင်ရွက်သွားကြရန် လိုအပ်ပါ ကြောင်း၊ မိမိကျောင်းအား ဥပတိရုပ်အမြဲကောင်းမွန်စေရေးနှင့် ကျောင်းပတ်ဝန်းကျင် သန့် ရှင်းသပ်ရပ်မှုရှိစေရေးတို့အတွက် တာဝန်ရှိသူများနှင့် ဝိုင်းဝန်းဆောင်ရွက်သွားကြရန် လို အပ်ပါကြောင်း၊ တာဝန်ရှိသူအားလုံးအနေဖြင့် ကျောင်းများရာနှုန်းပြည့်ဖွင့်လှစ်နိုင်ရေး၊ ကျောင်းသား၊ကျောင်းသူများ ကျောင်းအပ်နှုန်းတိုးတက်မြင့်မားလာစေရေးနှင့် အောင်ချက်ရာခိုင်နှုန်း မြင့်မားလာစေရေးတို့အတွက် ဆောင်ရွက်နေသည့် လုပ်ငန်းများအပေါ် အလေးထားကာ ဆောင်ရွက်သွားကြရန် တာဝန်ရှိသူများအား မှာကြားကာ တွေ့ဆုံပွဲ အခမ်းအနားသို့ တက်ရောက်လာသူများ၏ ဆွေးနွေးတင်ပြချက်များအပေါ် လိုအပ်သည် များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပြီး နိဂုံးချုပ်အမှာစကား ပြောကြားခဲ့သည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ကလေးမြို့ပေါ်ရှိ အခြေခံပညာကျောင်းများမှ ကျောင်းအုပ်ကြီးများထံ ကျောင်းသုံးဗလာစာအုပ်များ၊ စာရေး ကိရိယာများ အသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြသည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ကလေးမြို့၊ မြို့တော်ခန်းမတွင် ကျင်းပပြုလုပ်သည့် ကလေးခရိုင်အတွင်း စိုက်ပျိုးထားသည့်သီးနှံများ ပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် တောင်သူများအား သွင်းအားစု (ယူရီးယား ဓါတ်မြေဩဇာ)များပေးအပ်ပွဲ အခမ်းအနားသို့ တက်ရောက်ကြသည်။
ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က မိမိတို့တိုင်းဒေသကြီးသည် စိုက်ပျိုးရေးအား အဓိက အားပြုလုပ်ကိုင်ဆောင်ရွက်နေသည့် တိုင်းဒေသကြီးတစ်ခုဖြစ် တာနှင့်အညီ တိုင်းဒေသကြီးအတွင်း စိုက်ပျိုးလျက်ရှိသည့် စပါး၊ ဆီထွက်သီးနှံနှင့် ဝါသီးနှံ အပါအဝင် သီးနှံမျိုးစုံ စိုက်ဧကလျာထားချက် ပြည့်မီရေးနှင့် ပန်းတိုင်အထွက်နှုန်းရရှိရေး ကြိုးပမ်းဆောင်ရွက်လျက် ရှိပါကြောင်း၊ နိုင်ငံတော်၏ ကူညီပံ့ပိုးပေးမှုများနှင့်အတူ သီးနှံ အလိုက် ပန်းတိုင်အထွက်နှုန်းရရှိရေး မျိုး၊ မြေ၊ ရေ နည်းစသည့် နည်းလမ်းများအား လိုက် နာဆောင်ရွက်ကြမည်ဆိုပါက စိုက်ပျိုးထားသည့်သီးနှံများ အထွက်တိုးပြီး တိုင်းဒေသကြီး ၏လယ်ယာစိုက်ပျိုးရေးကဏ္ဍ တိုးတက်ဖွံ့ဖြိုးလာမည် ဖြစ်ပါကြောင်း ပြောကြားခဲ့သည်။
ယင်းနောက် တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးစိန်မောင်မြင့်က စိုက်ပျိုးထားသည့်သီးနှံများ ပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် ဓါတ်မြေဩဇာ ရောစပ်အသုံးပြုခြင်းဆိုင်ရာ သိကောင်းစရာများအား ရှင်းလင်းပြောကြား သည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့် တိုင်း ဒေသကြီးအဆင့် ဌာနဆိုင်ရာများက အခမ်းအနားသို့ တက်ရောက်လာကြသည့် ကျေးရွာ ၅ ရွာမှ ဒေသခံတောင်သူ ၃၀၀ ဦးကျော်အတွက် ကျေးရွာများမှ တာဝန်ရှိသူများထံ ယူရီးယား ဓါတ်မြေဩဇာများ ပေးအပ်ခဲ့ကြပြီး အခမ်းအနားသို့ တက်ရောက်လာသည့် ဒေသခံတောင်သူများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ခဲ့ ကြောင်း သိရသည်။

























