စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် ၂၀၂၅-ခုနှစ်၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်ဖလား ခရိုင်ပေါင်းစုံ အသက်(၂၅)နှစ်အောက် အမျိုးသားဖူဆယ်ပြိုင်ပွဲ ဗိုလ်လု ပွဲနှင့်ဆုချီးမြှင့်ပွဲအခမ်းအနား တက်ရောက်
မုံရွာ၊ ဇူလိုင် ၂၂
၂၀၂၅-ခုနှစ်၊ စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ်ဖလား ခရိုင်ပေါင်းစုံ အသက် (၂၅)နှစ်အောက် အမျိုးသားဖူဆယ်ပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲအခမ်းအနားကို ဇူလိုင်လ ၂၂ ရက်၊ ညနေပိုင်းတွင် မုံရွာမြို့၊ ပြည်သူ့အားကစားကွင်းအတွင်းရှိ ဖူဆယ်အားကစား ရုံတွင် ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့်ဇနီး၊ တိုင်းဒေသကြီး တရားသူကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင် ရာများ၊ ပြိုင်ပွဲဝင်နည်းပြများနှင့် အားကစားသမားများ တက်ရောက်ကြသည်။
ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့် ဇနီးများ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ အခမ်းအနားသို့ တက် ရောက်လာသူများက ဗိုလ်လုပွဲစဉ်အဖြစ် ကလေးခရိုင်ဖူဆယ်အသင်းနှင့် ရွှေဘိုခရိုင်ဖူ ဆယ်အသင်းတို့ ယှဉ်ပြိုင်ကစားနေမှုများအား ကြည့်ရှုအားပေးရာ ကလေးခရိုင်အသင်းမှ ရွှေဘိုင်ခရိုင်အသင်းအား ၄ ဂိုး ၂ ဂိုးဖြင့် အနိုင်ရရှိသွားသည်။
ယင်းနောက် ဆုချီးမြှင့်ပွဲအခမ်းအနားကို ကျင်းပရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က ပထမဆုရရှိသည့် ကလေးခရိုင်အသင်း အားတစ်ဦးချင်းဆုတံဆိပ်၊ ငွေ သားဆုငွေကျပ် - ၅ သိန်းနှင့် တံခွန်စိုက်ဆုအား ပေးအပ်ချီးမြှင့်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်၏ဇနီးက ဒုတိယဆုရရှိသည့် ရွှေဘိုခရိုင်အသင်းအား တစ်ဦးချင်းဆုတံဆိပ်၊ ငွေသားဆုငွေ ကျပ်- ၃ သိန်းအား ပေးအပ်ချီးမြှင့်သည်။
ဆက်လက်၍ တိုင်းဒေသကြီး တရားသူကြီးချုပ် ဦးဇော်ထူးက ပူးတွဲတတိယ ဆုရရှိသည့် မုံရွာခရိုင်အသင်းအား တစ်ဦးချင်းဆုတံဆိပ်နှင့် ငွေသားဆုငွေကျပ် - ၂ သိန်းအား လည်း ကောင်း၊ တိုင်းဒေသကြီး လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဝင်းတင်စိုးက ပူးတွဲတတိယဆုရရှိသည့် စစ်ကိုင်းခရိုင်အသင်းအား တစ်ဦးချင်းဆုတံဆိပ်နှင့် ငွေသားဆု ငွေကျပ် - ၂ သိန်းအား လည်းကောင်း ပေးအပ်ချီးမြှင့်ကြသည်။
ထို့နောက် တိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီး ဒေါ်ရီရီသန်း၊ တိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေးရာဝန်ကြီး ဦးခင်မောင်အေးနှင့် တိုင်းဒေသကြီး ဥပဒေချုပ် ဒေါ်လှလှဝင်းတို့က နေရာအလိုက်အကောင်းဆုံးဆုများနှင့် ပွဲစဉ်တစ်လျှောက်အကောင်း ဆုံးဆုရ အားကစားသမားများအား ဂုဏ်ပြုချီးမြှင့်ငွေနှင့် ဆုတံဆိပ်များအား ပေးအပ်ချီး မြှင့်ကြပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူးက ပထမဆုရရှိခဲ့သည့် ကလေး ခရိုင်အသင်းအား ဂုဏ်ပြုချီးမြှင့်ငွေကျပ် ၅ သိန်းအား ပေးအပ်ချီးမြှင့်ကာ တာဝန်ရှိသူ များနှင့်အတူ စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံ ရိုက်ကူးခဲ့ကြောင်း သိရသည်။



























