စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် ၁၃၈၆-ခုနှစ်၊ ၂၀၂၅-ခုနှစ်၊ မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးလုပ်ငန်းညှိနှိုင်း အစည်း အဝေး တက်ရောက်
မုံရွာ၊ မတ် ၃
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၌ ၁၃၈၆-ခုနှစ်၊ ၂၀၂၅-ခုနှစ်၊ မြန်မာ့ရိုးရာ မဟာ သင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးလုပ်ငန်းညှိနှိုင်း အစည်းအဝေးကို မတ်လ ၃ ရက်၊ မွန်းလွဲပိုင်းတွင် တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အစည်း အဝေးခန်းမတွင် ကျင်းပပြုလုပ်ရာ အစည်းအဝေးသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသ ကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများနှင့် မုံရွာခရိုင်/မြို့နယ် စီမံ အုပ်ချုပ်ရေးအဖွဲ့ ဉက္ကဌများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က ၂၀၂၅-ခုနှစ်၊ မြန်မာရိုးရာ မဟာ သင်္ကြန်ပွဲတော်အား စည်းကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးအတွက် သက်ဆိုင်ရာကော်မ တီများဖွဲ့စည်းတာဝန်ပေးထားပြီး ဖြစ်ပါကြောင်း၊ တာဝန်ရှိသူအားလုံးအနေဖြင့် ယခင်နှစ် များမှအတွေ့အကြုံများ၏ အားသာချက်၊ အားနည်းချက်များအား သင်ခန်းစာရယူကာ လုပ်ငန်းများအား ပူးပေါင်းဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း၊ ကော်မတီအဖွဲ့ အသီးသီးမှတာဝန်ရှိသူများအနေဖြင့် မိမိတို့တာဝန်ယူဆောင်ရွက်သွားမည့် လုပ်ငန်းများ အပေါ်စေတနာပြည့်ဝစွာဖြင့် ဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း၊ မြန်မာနှစ်ဆန်း ၁ ရက်နေ့တွင်လည်း သက်ကြီးပူဇော်ပွဲ၊ ဇီဝိတငါးလွှတ်ပွဲများ ဆောင်ရွက်သွားနိုင်ရေး တာ ဝန်ရှိသူများမှ ကြိုတင်စီမံဆောင်ရွက်ထားကြရန် လိုအပ်ပါကြောင်းနှင့် မိမိတို့တိုင်းဒေသ ကြီးအစိုးရအဖွဲ့အနေဖြင့်လည်း လိုအပ်သည်များကို ဖြည့်ဆည်းပေါင်းစပ် ပံ့ပိုးပေးသွား မည်ဖြစ်ပါကြောင်း ပြောကြားသည်။
ယင်းနောက် ကျင်းပရေးဦးစီးကော်မတီ ဥက္ကဌ၊ တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး ဦးညွန့်ဝင်းအောင်က မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက်စွာကျင်းပနိုင်ရေးအတွက် လုပ်ငန်းများဆောင်ရွက်သွားမည့် အခြေအနေများအား ရှင်းလင်းပြောကြား သည်။
ယင်းနောက် အခမ်းအနားပြင်ဆင်ရေး လုပ်ငန်းကော်မတီ အတွင်းရေးမှူး တိုင်းဒေ သကြီး လမ်းဦးစီးဌာနမှ လည်းကောင်း၊ အခမ်းအနားပြင်ဆင်ရေး လုပ်ငန်းကော်မတီ အဖွဲ့ဝင် တိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့မှ လည်းကောင်း၊ ရိုးရာယဉ်ကျေးမှုထိန်း သိမ်းရေး၊ အကဲဖြတ်ရေးနှင့် ဆုချီးမြှင့်ရေးလုပ်ငန်းကော်မတီ၊ စတုဒီသာများကျွေးမွေးရေး ကော်မတီ အတွင်းရေးမှူး တိုင်းဒေသကြီး ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ လည်းကောင်း၊ ဖိတ်ကြား/ကြိုဆိုနေရာချထားရေး၊ ဧည့်ခံကျွေးမွေးရေးနှင့် ဗဟိုမဏ္ဍပ် ကြီးကြပ်ရေးလုပ်ငန်း ကော်မတီ အတွင်းရေးမှူး မုံရွာခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့မှ လည်း ကောင်း၊ ပို့ဆောင်ရေးလုပ်ငန်းကော်မတီ ဉက္ကဌ၊ တိုင်းဒေသကြီး ပို့ဆောင် ရွက်ဆက်သွယ် ရေးဦးစီးဌာနမှ လည်းကောင်း၊ ဘဏ္ဍရေးနှင့်ငွေ စာရင်းထိန်းသိမ်းရေးကော်မတီ အတွင်း ရေးမှူး တိုင်းဒေသကြီး အခွန်ဦးစီးဌာနမှ လည်းကောင်း၊ လူမူရေးနှင့်သာသနာရေးဆိုင် ရာကော်မတီ အတွင်းရေးမှူး တိုင်းဒေသကြီး သာသနာရေးဦးစီးဌာနမှ လည်းကောင်း၊ ပြန်ကြားရေးနှင့်သတင်းထုတ်ပြန်ရေး လုပ်ငန်းကော်မတီ ဉက္ကဌ၊ တိုင်းဒေသကြီး ပြန် ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လည်းကောင်း၊ ကျန်းမာရေးလုပ်ငန်းကော် မတီ၊ ဉက္ကဌ တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့မှ လည်းကောင်း၊ လုံခြုံ ရေးနှင့်စည်းကမ်းထိန်းသိမ်းရေး လုပ်ငန်းကော်မတီ အတွင်းရေးမှူး တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးမှ လည်းကောင်း မိမိတို့ကော်မတီများအလိုက် လုပ်ငန်းများဆောင်ရွက်သွား မည့်အခြေအနေများနှင့် ပတ်သက်၍ ဆွေးနွေးတင်ပြကြသည်။
ဆက်လက်၍ အစည်းအဝေးသို့ တက်ရောက်လာကြသည့် တိုင်းဒေသကြီး အစိုးရ အဖွဲ့ဝင်များနှင့် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများက မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲ တော်စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးအတွက် လိုအပ်သည်များကို အကြံပြုဆွေး နွေးတင်ပြကြသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က အစည်း အဝေးသို့ တက်ရောက်လာသူ များ၏ အသီးသီးဆွေးနွေးတင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးပြီး နိဂုံးချုပ်စကား ပြောကြားခဲ့ကြောင်း သိရသည်။















