စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် စစ်ကိုင်းမြို့၊ တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး ပူးပေါင်းစစ်ဆေးရေးဂိတ်များအား လိုက်လံကြည့်ရှုစစ်ဆေး
မုံရွာ၊ မတ် ၁၄
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်သည် တိုင်းဒေသကြီး အစိုးရ အဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ စစ်ကိုင်းခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဉက္ကဌများနှင့် တာဝန်ရှိသူများ လိုက်ပါလျက် မတ်လ ၁၄ ရက်၊ နံနက်ပိုင်းတွင် စစ်ကိုင်းမြို့၊ ရွှေမင်းဝံရိပ်သာရှိ ဧည့်ခန်းမတွင် စစ်ကိုင်းမြို့၊ တရားမဝင် ကုန်သွယ်မှုတိုက်ချက်ရေး ပူးပေါင်းစစ်ဆေးရေးအဖွဲ့ ဧရာဝတီတံတား(ရတနာပုံ)နှင့် ကံတလူဂိတ်တို့ရှိ လုံခြုံရေးအဖွဲ့များနှင့် တွေ့ဆုံပွဲ အခမ်းအနားသို့ တက်ရောက်ကြ သည်။
ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က ခရီးသွားပြည်သူများ လုံခြုံ အေးချမ်းစွာဖြင့် ခရီးသွားလာနိုင်ရေးနှင့် ကုန်စည်စည်းဆင်းမှု မြန်ဆန်ရေးတို့အတွက် စီမံအုပ်ချုပ်ရေးအဖွဲ့များနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် မိမိတို့ဆောင်ရွက်နေသည့် လုပ်ငန်းများအပေါ် တာဝန်ကျေပွန်လိုစိတ်ဖြင့် ဌာနများအချင်းချင်း ပူးပေါင်းဆောင်ရွက် သွားကြရန် လိုအပ်ပါကြောင်း၊ မြို့ဝင်မြို့ထွက် လုံခြုံရေးဂိတ်များတွင် ခရီးသည်တင်မော် တော်ယာဉ်များနှင့် ကုန်တင်ယာဉ်များအား တရားမဝင်ငွေကြေးကောက်ခံမှုများ မရှိစေ ရေး၊ တရားမဝင်ကုန်ပစ္စည်းများ တင်ဆောင်မှုများမရှိစေရေးနှင့် လုပ်ငန်းများဆောင် ရွက်ရာတွင် အဂတိတရားကင်းရှင်းစွာဖြင့် ဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း၊ ပြည်သူများနှင့်ထိတွေ့ရသည့် လုပ်ငန်းများအပေါ်တွင် နွေးထွေးပျုငှာစွာဖြင့် ဝန်ထမ်း ကောင်းစိတ်ဓါတ်ဖြင့် ပြောဆိုဆက်ဆံသွားကြရန် လိုအပ်ပါကြောင်း၊ လုပ်ငန်းများဆောင် ရွက်ရာတွင် လုံခြုံရေးအသိ၊သတိတို့ဖြင့် နေထိုင်သွားလာဆောင်ရွက်ကြရန် လိုအပ်ပါ ကြောင်း ပြောကြားခဲ့သည်။
ယင်းနောက် တရားမဝင်ကုန်သွယ်မှုတိုက်ချက်ရေး ပူးပေါင်းစစ်ဆေးရေးအဖွဲ့ ဧရာ ဝတီတံတား(ရတနာပုံ)နှင့် စစ်ကိုင်းမြို့အထွက် ကံတလူဂိတ်တို့ ရှိစုပေါင်းလုံခြုံရေးအဖွဲ့ များမှတာဝန်ရှိသူများက မိမိတို့ဆောင်ရွက်နေသည့် လုပ်ငန်းများနှင့်ပတ်သက်၍ ဆွေး နွေးတင်ပြကြပြီး တိုင်းဒေသကြီး အစိုးရအဖွဲ့များနှင့် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့များ တာ ဝန်ရှိသူများက လုပ်ငန်းများဆောင်ရွက်နေမှု အခြေအနေများအား ဖြည့်စွက်ဆွေးနွေး တင်ပြကြသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က တွေ့ဆုံပွဲသို့ တက်ရောက်လာသူများ၏ ဆွေးနွေးတင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်း စပ်ဆောင်ရွက်ပေးခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် စစ်ကိုင်းမြို့ဝင် ဧရာဝတီတတား(ရတနာပုံ)ရှိ တရားမဝင်ကုန်သွယ်မှုတိုက်ချက်ရေး ပူးပေါင်းစစ်ဆေး ရေးအဖွဲ့ဂိတ်များအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီး လုံခြုံရေးကိစ္စရပ်များနှင့် ပတ် သက်၍လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့် ဆည်းပေါင်းစပ် ဆောင်ရွက်ပေးပြီး တံတားကြီးပေါ်၌ ဖြတ်သန်းသွားလာနေကြသည့် ခရီးသည်တင်မော်တော်ယာဉ်များနှင့် ဧရာဝတီတံတား(ရတနာပုံ)တံတားကြီးပေါ် ဖြတ်သန်းသွားလာနေသည့် ယာဉ်များမှ ယာဉ်မောင်းများနှင့် ပြည်သူများအား ရင်းရင်းနှီးနှီးတွေ့ဆုံ၍ ခရီးသွားလာမှု၊ ကုန်စည်စီး ဆင်းမှုနှင့် တရားမဝင်ငွေကြေးတောင်းခံမှု အခြေအနေများအားမေးမြန်းကာ ရင်းရင်းနှီး နှီးနှုတ်ဆက်ခဲ့ကြသည်။





















