စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၌ ၂၀၂၅-ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ သစ်တောများနေ့ အခမ်းအနား ကျင်းပ
မုံရွာ၊ မတ် ၂၁
စစ်ကိုင်းတိုင်းဒေသကြီး၊ ၂၀၂၅-ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ သစ်တောများနေ့ အခမ်းအနားကို မတ်လ ၂၁ ရက်၊ မွန်းလွဲပိုင်းတွင် မုံရွာမြို့၊ ချင်းတွင်းခန်းမ ၌ ကျင်းပရာ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး တရားသူ ကြီးချုပ်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ် အဆင့်ဌာနဆိုင်ရာများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က ကမ္ဘာပေါ်တွင်ရှိသည့် အပင်နှင့် တိရစ္ဆာန်များ ရှင်သန်ကြီးထွားရန်အတွက် ကောင်းမွန်တည်မြဲသည့် ဂေဟစနစ်သည် အခြေခံအုတ်မြစ်ဖြစ်ပါကြောင်း၊ စားရေရိက္ခာများ ရရှိမှုနှင့်ထုတ်လုပ်သည့်နည်းလမ်းများ သည်သဘာဝပတ်ဝန်းကျင် အခြေခံများနှင့် နက်နက်ရှိုင်းရှိုင်း ဆက်စပ်လျက်ရှိပါကြောင်း၊ ဂေဟစနစ်များတည်ငြိမ်ကောင်းမွန်ပြီး ရာသီဉတုမျှတကောင်းမွန်မှသာ စိုက်ပျိုးရေးနှင့် စားရေရိက္ခာထုတ်လုပ်ရေးများ အောင်မြင်ဖြစ်ထွန်းလာမည် ဖြစ်ပါကြောင်း၊ မိမိတို့နိုင်ငံ၏ အဖိုးတန်သစ်တော သယံဇာတများ ရေရှည်တည်တံ့ပြီး နိုင်ငံစဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုး တက်မှုအား အထောက် အကူပြုစေရန်အတွက် မြန်မာ့သစ်တော မူဝါဒနှင့်အညီ သစ်တော များအား စီးပွားရေးအမြင်၊ လူမှုရေးအမြင်၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးအမြင်အစရှိသည့် အမြင်မျိုးစုံ၊ ရှုထောင့်မျိုးစုံနှင့်ရှုမြင်ပြီး သားစဉ်မြေးဆက် ရေရှည်ထိန်းသိမ်းသွားကြရန် လိုအပ်ပါကြောင်း ပြောကြားခဲ့သည်။
ယင်းနောက် တိုင်းဒေသကြီး သစ်တောဦးစီးဌာနမှ ညွှန်ကြားရေးမှူးက အပြည် ပြည်ဆိုင်ရာ သစ်တောများနေ့ ဖြစ်ပေါ်လာပုံအကြောင်းအား ရှင်းလင်းဖတ်ကြားပြီး အခမ်းအနားသို့ တက်ရောက်လာသူများမှ ၂၀၂၅-ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ သစ်တော များနေ့ အထိမ်းအမှတ် Video Clip အား ကြည့်ရှုအားပေးကြသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က ၂၀၂၄- ၂၀၂၅ ဘဏ္ဍာနှစ်အတွင်း သစ် တောပြုစုထိန်းသိမ်းခြင်းလုပ်ငန်းတွင် တက်ကြွစွာပါဝင်ဆောင်ရွက်ခဲ့သည့် မုံရွာစီးပွား ရေးတက္ကသိုလ် ပါမောက္ခချုပ်ထံ ဂုဏ်ပြုမှတ်တမ်းလွှာအား လည်းကောင်း၊ တိုင်းဒေသ ကြီး တရားသူကြီးချုပ်က မုံရွာတက္ကသိုလ် ပါမောက္ခချုပ်ထံ ဂုဏ်ပြုမှတ်တမ်းလွှာအား လည်းကောင်း၊ တိုင်းဒေသကြီး သယံဇာတရေးရာဝန်ကြီးက မုံရွာဂေါက်ကွင်းမှ တာဝန်ရှိ သူတစ်ဦးထံ ဂုဏ်ပြုမှတ်တမ်းလွှာအား လည်းကောင်း အသီးသီး ပေးအပ်ချီးမြှင့်ကြသည်။
ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများမှ ခန်းမအတွင်း ခင်းကျင်းပြသထားသည့် ၂၀၂၅-ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ သစ်တောများနေ့ အထိမ်း အမှတ် မှတ်တမ်းဓါတ်ပုံများနှင့် ပိုစတာများအား လိုက်လံကြည့်ရှုအားပေးခဲ့ကြောင်း သိရ သည်။































