စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် မုံရွာခရိုင်အတွင်းရှိ ယာယီနေရပ်စွန့် ခွာပြည်သူများအား ထောက်ပံ့ငွေနှင့်အခြေခံစားသောက်ကုန် ဆန်၊ ဆီ၊ ဆား၊ ပဲများပေး အပ်ခြင်း အခမ်းအနား တက်ရောက်
မုံရွာ၊ ဇွန် ၂၄
အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ၊ စစ်ကိုင်းတိုင်းဒေ သကြီးအစိုးရအဖွဲ့နှင့် တိုင်းဒေသကြီး သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန တို့မှ မုံရွာခရိုင်အတွင်းရှိ ယာယီနေရပ်စွန့်ခွာပြည်သူများအား ထောက်ပံ့ငွေနှင့်အခြေခံ စားသောက်ကုန် ဆန်၊ ဆီ၊ ဆား၊ ပဲများပေးအပ်ခြင်း အခမ်းအနားကို ဇွန်လ ၂၄ ရက်၊ နံနက်ပိုင်းတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ မုံရွာခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ရုံးရှိ မြသလ္လာခန်းမတွင် ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရ အဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ မုံရွာခရိုင်အတွင်းရှိ ယာယီနေရပ်စွန့်ခွာပြည်သူများ တက်ရောက်ကြ သည်။
ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် နိုင်ငံတော်အနေဖြင့် နိုင်ငံသူ/နိုင်ငံ သားများ၏ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများအား အားသွန်ခွန်စိုက် ကြိုးပမ်းဆောင်ရွက်လျက်ရှိပြီး နယ်ပယ်ကဏ္ဍအစုံတွင် ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေးလုပ် ငန်းများဆောင်ရွက်နေစဉ်အတွင်း အဖျက်အမှောက်လုပ်ငန်းများ အကြမ်းဖက်လမ်းစဉ် များဖြင့် ဟုန့်တားနှောင့်ယှက်နေမှုများအား ရည်ရွယ်ချက်ရှိရှိဖြင့် ဆောင်ရွက်လာကြ သည့် အကြမ်းဖက်အဖွဲ့အစည်းများကြောင့် နိုင်ငံတော်အတွက် များစွာနစ်နာခဲ့ရပါ ကြောင်း၊ နိုင်ငံတော်၏ လုပ်ဆောင်မှုအားလုံးသည် ပြည်သူလူထု၏ လူနေမှုဘဝတည် ငြိမ်အေးချမ်းရေးနှင့် ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးတို့အား ရှေးရှု၍ဆောင်ရွက်နေခြင်းဖြစ် သည့်အတွက် ပြည်သူများနှင့် အရပ်ဖက်အဖွဲ့အစည်းများ ပူးပေါင်း၍ ဒေသတည်ငြိမ် အေးချမ်းရေး၊ ဖွံ့ဖြိးတိုးတက်ရေးလုပ်ငန်းများအား တက်ညီ လက်ညီ ဖော်ဆောင်နိုင်ရေး ဝိုင်းဝန်းကြိုးပမ်း ပူးပေါင်းဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း ပြောကြားခဲ့သည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က မုံရွာမြို့နယ်၊ စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌထံ ယာယီနေရပ်စွန့်ခွာပြည်သူ ၂၀၀ ဦးအတွက် တစ်ဦးလျှင်တစ်လ ၂၀၀၀၀ ကျပ် နှုန်းဖြင့် နှစ်လစာထောက်ပံ့ငွေကျပ် သိန်း ၈၀ (သိန်းရှစ်ဆယ်ကျပ်)နှင့် ယာယီနေရပ်စွန့် ခွာပြည်သူများထံ ဆန်၊ ဆီ၊ ဆား၊ ပဲများအား ထောက်ပံ့ပေးအပ်ပြီး တိုင်းဒေသကြီး အစိုးရ အဖွဲ့ဝင်များက မုံရွာခရိုင်အတွင်းရှိ ယာယီနေရပ်စွန့်ခွာပြည်သူများထံ ဆန်၊ ဆီ၊ ဆား၊ ပဲ များအား အသီးသီး ထောက်ပံ့ပေးအပ်ကာ တိုင်းဒေသကြီး ဘေးအန္တရာယ်စီမံခန့်ခွဲရေးဦး စီးဌာနမှ ညွှန်ကြားရေးမှူးက ယာယီနေရပ်စွန့်ခွားပြည်သူများအတွက် ၁ ပတ်စာ ဆန်ရိက္ခာဖိုးငွေကျပ် ၁၀ သိန်းအား ထောက်ပံ့ပေးအပ်သည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်တာဝန် ရှိသူများက အခမ်းအနားသို့ တက်ရောက် လာကြသည့် ယာယီနေရပ်စွန့်ခွာပြည်သူများအား ရင်းရင်းနှီးနှီး လိုက်လံ နှုတ်ဆက်ခဲ့ကြောင်း သိရသည်။
















