စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် စစ်ကိုင်းမြို့ ကောင်းမှုတော်စေတီမြတ်ကြီးနှင့် ဆွမ်းဦးပုညရှင်စေတီတော်ကြီး ပြုပြင် မွမ်းမံရန် မြို့မိမြို့ဖများ၊ ဂေါပက အဖွဲ့ဉက္ကဌ၊ အဖွဲ့ဝင်များနှင့် ညှိနှိုင်းအစည်း အဝေးများ တက်ရောက်
မုံရွာ၊ ဇွန် ၃၀
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး သက်ပုံ၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေ သကြီး အဆင့်ဌာနဆိုင်ရာများသည် ဇွန်လ ၃၀ ရက်၊ နံနက်ပိုင်းတွင် စစ်ကိုင်းမြို့၊ ရာဇမ ဏိစူဠာ ကောင်းမှုတော်စေတီမြတ်ကြီး ပြုပြင်မွမ်းမံရန်အတွက် မြို့မိမြို့ဖများ၊ ဂေါပက အဖွဲ့ဉက္ကဌ၊ အဖွဲ့ဝင်များနှင့် ညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်ကြသည်။
ဦးစွာ “နမောတဿ”သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အစည်းအဝေးအား ဖွင့် လှစ်ကြပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်က ရာဇမဏိစူဠာ ကောင်းမှုတော်စေတီတော် မြတ်ကြီး ထိခိုက်ပျက်စီးမှုများအပေါ် ရေရှည်တည်တံ့ခိုင်မြဲအောင် ပြုပြင်ဆောင်ရွက်မှု များအား တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများမှ ပံ့ပိုးကူညီဆောင်ရွက်ပေးနေမှု အခြေအနေများကို ရှင်းလင်းပြောကြားပြီး ဒုတိယဗိုလ်ချုပ်ကြီးက ရာဇမဏိစူဠာ ကောင်းမှုတော်စေတီတော်မြတ်ကြီး ပြိုကျပျက်စီးမှုများအပေါ် ရှင်းလင်းပြီးစီးခဲ့သည့် လုပ်ငန်းများနှင့် ပြန်လည်မွမ်းမံတည်ဆောက်သွားမည့် လုပ်ငန်းများအား ရှင်းလင်းပြော ကြားသည်။
ယင်းနောက် တည်ဆောက်ရေးအဖွဲ့နှင့် ဗိသုကာပညာရှင်များက ရာဇမဏိစူဠာ ကောင်းမှုတော်စေတီတော်မြတ်ကြီး ရေရှည်တည်တံ့ခိုင်မြဲရေး ဆောင်ရွက်လျက်ရှသည့် လုပ်ငန်းအခြေအနေများအား Power Point ဖြင့် ရှင်းလင်းတင်ပြသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က တည်ဆောက်ရေးလုပ်ငန်းများနှင့် ပတ်သက်၍ လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက် ပေးခဲ့ပြီး “ဗုဒ္ဓသာသနံ စိရံ တိဌတု” သုံးကြိမ်ရွတ်ဆိုဆုတောင်းကာ အစည်းအဝေးကို ရုပ်သိမ်းခဲ့ကြသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ ဒုတိယဗိုလ်ချုပ်ကြီးနှင့် တာဝန်ရှိသူများ သည် ငလျင်လှုပ်ခတ်မှုကြောင့် ထိခိုက်ပျက်စီးခဲ့သည့် စစ်ကိုင်းမြို့၊ ရာဇမဏိစူဠာ ကောင်းမူတော်စေတီတော်မြတ်ကြီးနှင့် မေတ္တာရေကန် ပြန်လည်ပြုပြင်မွန်းမံနေမှုများ အား လိုက်လံကြည့်ရှုခဲ့ကြသည်။
ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ ဒုတိယဗိုလ်ချုပ်ကြီးနှင့် တာဝန်ရှိသူ များသည် ငလျင်လှုပ်ခတ်မှုကြောင့် ထိခိုက်ပျက်စီးခဲ့သည့် စစ်ကိုင်းမြို့၊ စစ်ကိုင်းတောင်ရိုး ဆွမ်းဦးပုညရှင်စေတီတော်မြတ်ကြီးသို့ ရောက်ရှိရာ စေတီတော်မြတ်ကြီး ပြန်လည်ပြုပြင် မွမ်းမံရန်အတွက် မြို့မိမြို့ဖများ၊ ဂေါပကအဖွဲ့ဉက္ကဌ၊ အဖွဲ့ဝင်များနှင့် ညှိနှိုင်းအစည်း အဝေးသို့ တက်ရောက်ကြသည်။
ဦးစွာ “နမောတဿ”သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အစည်းအဝေးအား ဖွင့် လှစ်ကြပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်က ဆွမ်းဦးပုညရှင်စေတီတော်မြတ်ကြီး ပြန်လည် ပြုပြင်မွမ်းမံရန်အတွက် မိမိတို့တိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့် လိုအပ်သည်များ ပူးပေါင်းဆောင်ရွက်ပေးသွားမည့် အခြေအနေများအား ရှင်းလင်းပြောကြားပြီး ဒုတိယ ဗိုလ်ချုပ်ကြီးက ဆွမ်းဦးပုညရှင်စေတီတော်မြတ်ကြီး ပြိုကျပျက်စီးမှုများအပေါ် ရှင်းလင်း ပြီးစီးခဲ့သည့်လုပ်ငန်းများနှင့် ပြန်လည်မွန်းမံတည်ဆောက်သွားမည့် လုပ်ငန်းများအား ရှင်းလင်းပြောကြားသည်။
ယင်းနောက် တည်ဆောက်ရေးအဖွဲ့နှင့် ဗိသုကာပညာရှင်များက ဆွမ်းဦးပုညရှင် စေတီတော်မြတ်ကြီး ရေရှည်တည်တံ့ခိုင်မြဲရေး ဆောင်ရွက်လျက်ရှသည့် လုပ်ငန်းအခြေ အနေများအား Power Point ဖြင့် ရှင်းလင်းတင်ပြသည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်က တည်ဆောက်ရေးလုပ်ငန်းများနှင့် ပတ်သက်၍ လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက် ပေးခဲ့ပြီး “ဗုဒ္ဓသာသနံ စိရံ တိဌတု” သုံးကြိမ်ရွတ်ဆို ဆုတောင်းကာ အစည်းအဝေးကို ရုပ်သိမ်းခဲ့သည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ ဒုတိယဗိုလ်ချုပ်ကြီးနှင့် တာဝန်ရှိသူများ သည် ငလျင်လှုပ်ခတ်မှုကြောင့် ထိခိုက်ပျက်စီးခဲ့သည့် စစ်ကိုင်းမြို့၊ စစ်ကိုင်းတောင်ရိုး ဆွမ်းဦးပုညရှင်စေတီတော်မြတ်ကြီးနှင့် သာသနာ့ဗိမာန်တော်ကြီး ပြန်လည်ပြုပြင်နေမှု များအား လိုက်လံကြည့်ရှုခဲ့ကြောင်း သိရသည်။




















