စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ ၏ ၂၀၂၅ ခုနှစ် (၂၂) ကြိမ်မြောက် ဝါဆို သင်္ကန်းဆက်ကပ်လှူဒါန်းပွဲ အခမ်းအနား အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ရေးလုပ်ငန်းညှိနှိုင်းအစည်း အဝေး ကျင်းပ
မုံရွာ ဇူလိုင် ၂
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ က ကြီးမှူးကျင်းပသည့် ၂၀၂၅ ခုနှစ် ၊ (၂၂ )ကြိမ်မြောက် ဝါဆိုသင်္ကန်းဆက်ကပ် လှူဒါန်းပွဲ အခမ်းအနား အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်း အဝေး ကို ဇူလိုင်လ ၂ ရက်နေ့ နံနက် ၁၀ နာရီ အချိန်က စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ ရုံး အစည်အဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ သယံဇာတရေးရာဝန်ကြီး ဦးတင်သန်းဝင်း၊ လူမှုရေးရာဝန်ကြီး ဦးညွန့်ဝင်းအောင် ၊ တိုင်းဒေသကြီးအဆင့် ဖိတ်ကြားထားသူများနှင့် တာဝန်ရှိသူများ တက်ရောက် ခဲ့ကြကြောင်းသိရှိရသည်။
အစီအစဉ်အရ ဦးစွာ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးညွန့်ဝင်းအောင်က ၂၀၂၅ ခုနှစ် ၊ (၂၂ ) ကြိမ်မြောက် ဝါဆိုသင်္ကန်းဆက်ကပ် လှူဒါန်းပွဲအခမ်းအနားအောင်မြင်စွာကျင်းပပြုလုပ်နိုင်ရေးအတွက် ဦးစီးကော်မတီနှင့် လုပ်ငန်းကော်မတီများဖွဲ့စည်းထားရှိပြီးဖြစ်ပါကြောင်း ၊ အခမ်းအနား အား ယခင်နှစ်များကဲ့သို့ အောင်မြင်စွာ ဆောင်ရွက်နိုင်ရေး ကြိုတင်ပြင်ဆင် ဆောင်ရွက်စရာများလည်း ကြိုတင်ပြင်ဆင်ဆောင်ရွက် ထားရှိကြရန်နှင့် လုပ်ငန်းလိုအပ်ချက်များ ရှိပါကလည်း ကော်မတီအလိုက် ဆွေးနွေး ပေးကြစေလိုကြောင်း ၊ ဖိတ်ကြားပင့် ဆောင်ရမည့် ဆရာတော် သင်္ကန်း တော်များနှင့် သီလရှင်များ အပါအဝင် ဝါဆိုတော်မူကြမည့် သံဃာတော်များအား အဆင်ပြေချောမွေ့စွာ လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းနိုင်ရေး ပူးပေါင်းပါဝင်ဆောင်ရွက်ကြရန် ဆွေးနွေးပြောကြားပါသည်။
ထို့နောက် တက်ရောက်လာကြသည့် လုပ်ငန်းကော်မတီ အသီးသီးမှ မိမိတို့ကော်မတီ အလိုက် ဆောင်ရွက်မည့်အစီအစဉ်များ ၊ လုပ်ငန်းလိုအပ်ချက်များကို တင်ပြဆွေးနွေးခဲ့ကြပြီးနောက် တင်ပြဆွေးနွေးချက်များအပေါ် တိုင်းဒေသကြီးအစိုးရအဖွဲ့၊ သယံဇာတရေးရာဝန်ကြီး ဦးတင်သန်းဝင်း၊ လူမှုရေးရာဝန်ကြီး ဦးညွန့်ဝင်းအောင်နှင့် တာဝန်ရှိသူများက ညှိနှိုင်း ဆွေးနွေးခဲ့ကြ ကြောင်းသိရှိရပါသည်။
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ ၏ ၂၀၂၅ ခုနှစ် ၊ (၂၂) ကြိမ်မြောက် ဝါဆိုသက်န်းဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကို ဇူလိုင်လ ၉ ရက်၊ ၁၃၈၇ ခုနှစ် ၊ ဝါဆိုလပြည့်နေ့ နံနက်ပိုင်းတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး ချင်းတွင်းခန်းမတွင် ကျင်းပပြုလုပ်သွားမည် ဖြစ်ကြောင်း သိရှိရပြီး ယခုနှစ် ဝါဆိုကြမည့် သံဃာတော်၂၄၆၆ ပါး ၊ သီလရှင် ဆရာတော် ၁၁၁၇ ပါးတို့အား ဝါဆိုသင်္ကန်းများ ဆက်ကပ် လှူဒါန်းပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။



















