စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် တိုင်းဒေသကြီး မီးသတ်စခန်းရှိ ရှာဖွေကယ်ဆယ်ရေး စက်ကိရိ ယာများနှင့် မီးငြိမ်းသက်ယာဉ်၊ ရေသယ်ယာဉ်များအား သွားရောက်ကြည့်ရှု တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား ဘောလုံး ပြိုင်ပွဲ ဗိုလ်လုပွဲယှဉ်ပြိုင်နေမှုမျ
မုံရွာ၊ ဒီဇင်ဘာ ၃၀
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မုံရွာခရိုင်/မြို့နယ် စီမံခန့်ခွဲရေး နှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဌများနှင့် တာဝန်ရှိသူများသည် ဒီဇင်ဘာလ ၃၀ ရက်၊ နံနက် ပိုင်းတွင် တိုင်းဒေသကြီး မီးသတ်စခန်းသို့ ရောက်ရှိရာ မကြာမီ ပွင့်လင်းရာသီရောက်ရှိ တော့မည်ဖြစ်ပါ၍ မုံရွာမြို့နှင့်အနီးဝန်းကျင်ရှိ ကျေးရွာများမှပြည်သူများ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေးအတွက် မီးငြိမ်းသက်ယာဉ်များ၊ ရေသည်ယာဉ်များ အသင့်ပြင် ဆင်ထားရှိမှုများနှင့် ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်၊ တိုင်းဒေသကြီးရန်ပုံငွေဖြင့် ဝယ်ယူဖြည့် တင်းထားရှိသည့် ရှာဖွေကယ်ဆယ်ရေးပစ္စည်းများဖြင့် တိုင်းဒေသကြီး မီးသတ်စခန်းမှ မီးသတ်တပ်ဖွဲ့ဝင်များ၏ သရုပ်ပြသမှုများအား ကြည့်ရှုအားပေးကြသည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်တာဝန် ရှိသူများသည် အဆိုပါမီးသတ် စခန်းအတွင်း ခင်း ကျင်းပြသထားရှိသည့် ၂၀၂၅-၂၀၂၆ဘဏ္ဍာရေး နှစ်၊ တိုင်းဒေသကြီး ရန်ပုံငွေဖြင့် ဝယ်ယူဖြည့်တင်းထားရှိသည့် ခေတ်မီရှာဖွေကယ်ဆယ်ရေးပစ္စည်းများအား ကြည့်ရှုခဲ့ကြပြီး တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်မီးသတ်စခန်းများသို့ ပြန်လည်ဖြန့်ဖြူး ပေးမည့် မီးငြိမ်းသတ်ယာဉ်များနှင့် ရေသည်ယာဉ်များအား လိုက်လံကြည့်ရှုခဲ့ကြသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် အဆိုပါမီးသတ် စခန်းရှိ မုံရွာမြို့အား ၂၄ နာရီ မီးဘေးအန္တရာယ် စောင့်ကြည့်ရေး Control Center အခန်း သို့ရောက်ရှိရာ တိုင်းဒေသကြီး မီးသတ်ဦးစီးမှူးမှ လုပ်ငန်းများဆောင်ရွက်နေမှု အခြေ အနေများအား ရှင်းလင်းပြသရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က ရှင်းလင်းပြသမှုများအပေါ် လိုအပ်သည်များ ကိုတာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ပြီး၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်၊ တိုင်းဒေသကြီးရန်ပုံငွေဖြင့် တည် ဆောက်ထားရှိသည့် မီးဘေး အန္တရာယ်ကြိုတင်ကာကွယ်ရေးနှင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ကျွမ်းကျင်လျင်မြန်၊ မြန်ဆန်ရန်အတွက် လေ့ကျင့်ရေးအဆောက်အဦ တည်ဆောက်ထား ရှိမှုအား ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
ဆက်လက်၍တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်တာဝန် ရှိသူများသည် အဆိုပါမီးသတ် စခန်းဝန်းအတွင်းရှိ ဝန်ထမ်းများနှင့်မိသားစုဝင်များ စားဝတ်နေရေး သာသက်ချောင်ချီရေး အတွက် စားဖိုဆောင်သီးနှံများစိုက်ပျိုးထားရှိမှု၊ ဒေသကြက်၊ ဘဲ၊ မန်ဒါလီများ မွေးမြူထား ရှိများအား လည်းကောင်း၊ လိုက်လံကြည့်ရှုခဲ့ကြပြီး လိုအပ်သည်များကို တာဝန်ရှိသူ များနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။
ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ညနေပိုင်းတွင် မုံရွာမြို့၊ ပြည်သူ့အားကစားကွင်းအတွင်း၌ ကျင်းပပြုလုပ်လျက်ရှိသည့် ၂၀၂၅-ခုနှစ်၊ ဒီဇင် ဘာအားကစားလလူထုလှုပ်ရှားမှု အထိမ်းအမှတ် တိုင်းဒေသကြီးအစိုးရ အဖွဲ့ ဝန်ကြီးချုပ်ဖလား ဝန်ကြီးဌာနပေါင်းစုံနှင့် တက္ကသိုလ်/ဒီဂရီကောလိပ်ပေါင်းစုံ ဘောလုံးပြိုင်ပွဲ ဗိုလ်လု ပွဲစဉ်အဖြစ် စည်ပင်သာယာရေးအသင်းနှင့် မုံရွာပညာရေးဒီဂရိကောလိပ်အသင်းတို့ ယှဉ်ပြိုင်ကစားနေမှုများအား ကြည့်ရှုအားပေးကြသည်။
ဆက်လက်၍တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်တာဝန် ရှိသူများက ၂၀၂၅-ခုနှစ်၊ ဒီဇင်ဘာအားကစားလ လူထုလှုပ်ရှားမှု အထိမ်းအမှတ် တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား ဝန်ကြီးဌာနပေါင်းစုံနှင့် တက္ကသိုလ်/ဒီဂရီကောလိပ်ပေါင်းစုံ Fitness Dance ပြိုင်ပွဲ တွင် တတိယဆုရရှိခဲ့သည့် အထွေ ထွေအုပ်ချုပ်ရေးဦးစီးဌာနအသင်း၊ ဒုတိယဆုရရှိခဲ့သည့် စည်ပင်သာယာရေးအသင်းနှင့် ပထမဆုရရှခဲ့သည့် မုံရွာသူနာပြုနှင့်သားဖွားသင်တန်း ကျောင်းအသင်းများ၏ Fitness Dance အကများဖြင့် ဖျော်ဖြေမှုများအား ကြည့်ရှုအားပေး ကြသည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်၏ဇနီးက Fitness Danceအကများဖြင့်ဖျော်ဖြေသွားကြသည့် အကအဖွဲ့များအား ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ခဲ့သည်။
ဆက်လက်ပြီး ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲယှဉ်ပြိုင်နေမှုများအား ဆက်လက်အားပေးရာ စည်ပင်သာယာ ရေးအသင်းမှ မုံရွာပညာရေးဒီဂရီကောလိပ်အသင်းအား (၁)ဂိုး၊ ဂိုးမရှိ ဖြင့် ပထမရရှိသွားကြောင်း သိရသည်။



































