(၆၂)နှစ်မြောက် တောင်သူလယ်သမားနေ့ အထိမ်းအမှတ် စစ်ကိုင်းတိုင်းဒေသကြီး မြေ၊ မျိုး၊ ပိုး ရုံးတွင် စားရေရိက္ခာဖူလုံရေး ဆွေးနွေးပွဲ နှင့်ပြပွဲအခမ်းအနား ကျင်းပ
မုံရွာ၊မတ် ၂
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန စစ်ကိုင်းတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနမှ ကြီးမှူးပြီး ၂၀၂၄ခုနှစ် မတ်လ ၂ ရက်နေ့တွင်ကျရောက်သည့် (၆၂)နှစ်မြောက်တောင်သူလယ်သမားနေ့အထိမ်းအမှတ် စားရေရိက္ခာဖူလုံရေး ဆွေးနွေးပွဲ နှင့်ပြပွဲ အခမ်းအနားကို ယနေ့ နံနက်(၉)နာရီကစစ်ကိုင်းတိုင်းဒေသကြီး မြေ၊ မျိုး၊ ပိုး ရုံး သင်တန်းခန်းမတွင် ကျင်းပပြုလုပ် ခဲ့ကြောင်းသိရသည်။
ဦးစွာစစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမြတ်ကျော်က အဖွင့်အမှာစကား ပြောကြားပြီး နောက် တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးဝင်းလှိုင်ဦးက ဆွေးနွေးပွဲ ကျင်းပခြင်းနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြသည်။
ထို့နောက် တောင်သူများသိရှိသိထိုက်သည့် မြေယာဥပဒေများအကြောင်း၊ စိုက်ပျိုးရေရရှိရေးအတွက် ဆည်ရေတင်၊မြစ်ရေတင်၊သီးနှံစိုက်ပျိုးထုတ်လုပ်မှုအတွက် လယ်ယာမြေများဖော်ထုတ်ပေးမှု၊လယ်ယာသုံးစက်ကိရိယာများ ကျွမ်းကျင်စွာကိုင်တွယ်အသုံးပြုမှု၊ သက်ဆိုင်ရာလုပ်ငန်းကဏ္ဍများအားတိုင်းဒေသကြီး လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန ၊ ညွှန်ကြားရေးမှူး ဦးသန်းလွင်၊ တိုင်းဒေသကြီး ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန ( ဆည်မြောင်း ) ၊ ညွှန်ကြားရေးမှူး ဦးစောသက်ခိုင်ဝင်း၊ တိုင်းဒေသကြီး ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန( ရေ
အရင်းအမြစ်) ၊ ဒုတိယညွှန်ကြားရေးမှူး ဦး ချိုလတ်နှင့် တိုင်းဒေသကြီး စက်မှုလယ်ယာဦးစီးဌာန ၊ ညွှန်ကြားရေးမှူး ဦးသောင်းထိုက်တို့က အသီးသီး ရှင်းလင်းတင်ပြခဲ့မှုအပေါ် တိုင်းဒေသကြီး ဝန်ကြီးချုပ်က လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပြီး အခမ်းအနားကို ရုပ်သိမ်းလိုက်ကြောင်းသိရသည်။
ယင်းနောက် အဆိုပါရုံးရှေ့တွင် တောင်သူများအား သွင်းအားစုများ ထောက်ပံ့ပေးအပ်ခြင်းအခမ်းအနားကို ဆက်လက်ကျင်းပရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့က ဝါမျိုးစေ့၊နေကြာမျိုးစေ့၊ဆေးဖြန်းပုံး၊ ရွှေတောင်(ဇီဖာ)မြေဩဇာ၊နေဗီယာမြက်မျိုး၊ယူရီးယား+လက်ချား၊ EM ဖျော်ရည်များကို တက်ရောက်လာသူတောင်သူများလက်ဝယ် အ ရောက် သွင်းအားစုများ အသီးသီးထောက်ပံ့ပေးအပ်ခဲ့ပြီး တောင်သူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့ပြီးနောက် တာဝန်ရှိသူများနှင့်အတူ အဆိုပါရုံဝန်းအတွင်း တောင်သူနည်းပညာပေး စိုက်ပျိုးထားရှိသော ပျိုးဥယျာဥ် Nursery Farm၊ စဥ်ဆက်မပျက်ဟင်းသီးဟင်းရွက်စိုက်ခင်းများအား လှည့်လည်ကြည့်ရှုစစ်ဆေးပြီးလိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ ကြောင်းသိရသည်။
ဆက်လက်ပြီး သင်တန်းခန်းမတွင် တက်ရောက်လာသောတောင်သူ(၇၀)ဦးမှ (၆၂)နှစ်မြောက် တောင်သူလယ်သမားနေ့အထိမ်းအမှတ် စားရေရိက္ခာဖူလုံရေးဆွေးနွေးပွဲကို ကျင်းပရာ လက်ရှိ လုပ်ကိုင်ဆောင်ရွက်နေမှုများပတ်သက်၍ တောင်သူအချင်းချင်း နည်းပညာနည်းနှောဖလှယ်ဆွေးနွေးခဲ့ရာ တာဝန်ရှိသူများမှ လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။



















