မုံရွာမြို့၌ ၂၀၂၄-ခုနှစ်၊ စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ်ဖလား ခရိုင်ပေါင်းစုံ အသက်(၂၅)နှစ် အောက် အမျိုးသား/အမျိုးသမီးဖူဆယ်ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနား ကျင်းပ
မုံရွာ၊ ဇွန် ၁၃
၂၀၂၄-ခုနှစ်၊ စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ်ဖလား ခရိုင်ပေါင်းစုံ အသက်(၂၅)နှစ် အောက် အမျိုးသား/အမျိုးသမီးဖူဆယ်ပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲ အခမ်းအနားကို ဇွန်လ ၁၂ ရက်နေ့၊ ညနေပိုင်းက မုံရွာမြို့၊ ပြည်သူ့အားကစားကွင်းအတွင်းရှိ ဖူဆယ်အားကစားရုံတွင် ကျင်းပရာ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့်ဇနီး၊ တိုင်းဒေသကြီး တရားသူကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့်ဇနီးများ၊ တိုင်းဒေသကြီး/ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် အသင်းအုပ်ချုပ်သူများနှင့် ပြိုင်ပွဲဝင်အားကစားသမားများ တက်ရောက်ကြသည်။
ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများမှ အမျိုးသား ဗိုလ်လုပွဲစဉ်အဖြစ် ရွှေဘိုခရိုင်အသင်းနှင့် ကန့်ဘလူခရိုင်အသင်းတို့ ယှဉ်ပြိုင်ကစားနေမှုနှင့် အမျိုးသမီး ဗိုလ်လုပွဲ စဉ်အဖြစ် ကလေးခရိုင်အသင်းနှင့် မုံရွာခရိုင်အသင်းတို့ ယှဉ်ပြိုင်ကစားနေမှုများအား ကြည့်ရှု အားပေးကြရာ အမျိုးသားဗိုလ်လုပွဲတွင် ရွှေဘိုခရိုင်အသင်းမှ ကန့်ဘလူခရိုင်အသင်း အနိုင်ရရှိ သွားကာ အမျိုးသမီးဗိုလ်လုပွဲတွင် ကလေးခရိုင်အသင်းမှ မုံရွာခရိုင်အသင်းအား အနိုင်ရရှိသွား သည်။
ယင်းနောက် ဆုချီးမြင့်ပွဲအခမ်းအနားကို ကျင်းပရာ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များက ပွဲစဉ်တစ်လျှောက်နေရာ အလိုက်အကောင်းဆုံးဆုရရှိကြသည့် အားကစားသမားများအား ဆုတံ ဆိပ်နှင့်ငွေသားဆုများအား လည်းကောင်း၊ တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီးက အမျိုးသမီး ဖူဆယ်ပြိုင်ပွဲတွင် တတိယဆုရရှိသော ကသာခရိုင်အသင်းအား တစ်ဦးချင်းဆုတံဆိပ်နှင့်ငွေ သားဆုများအား လည်းကောင်း၊ တိုင်းဒေသကြီး သယံဇာတရေးရာဝန်ကြီးက အမျိုးသားဖူဆယ် ပြိုင်ပွဲတွင် တတိယဆုရရှိသော မုံရွာခရိုင်အသင်းအား တစ်ဦးချင်းဆုတံဆိပ်နှင့် ငွေသားဆုများ အားလည်းကောင်း၊ တိုင်းဒေသကြီး လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး၏ဇနီးမှ အမျိုးသမီးဖူ ဆယ်ပြိုင်ပွဲတွင် ဒုတိယဆုရရှိသော မုံရွာခရိုင်အသင်းအား တစ်ဦးချင်းဆုတံဆိပ်နှင့်ငွေ သားဆု များအား လည်းကောင်း၊ တိုင်းဒေသကြီး လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးက အမျိုးသားဖူ ဆယ်ပြိုင်ပွဲတွင် ဒုတိယဆုရရှိသော ကန့်ဘလူခရိုင်အသင်းအား တစ်ဦးချင်းဆုတံဆိပ်နှင့်ငွေ သားဆုများအား လည်းကောင်း၊ တိုင်းဒေသကြီးတရားသူ ကြီးချုပ်၏ဇနီးမှ အမျိုးသမီးဖူဆယ် ပြိုင်ပွဲတွင် ပထမဆုရရှိသော ကလေးခရိုင်အသင်းအား တစ်ဦးချင်းဆုတံဆိပ်နှင့်ငွေ သားဆုများ အားလည်းကောင်း၊ တိုင်းဒေသကြီး တရားသူကြီးချုပ်က အမျိုးသားဖူဆယ်ပြိုင်ပွဲတွင် ပထမဆု ရရှိသော ရွှေဘိုခရိုင်အသင်းအား တစ်ဦးချင်းဆုတံဆိပ်နှင့်ငွေ သားဆုများအား လည်းကောင်း ဆုများအသီးသီး ပေးအပ်ချီးမြှင့်ကြသည်။
ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်၏ဇနီးက အမျိုးသမီးဖူဆယ်ပြိုင်ပွဲတွင် ပထမ ဆုရရှိသော ကလေးခရိုင်အသင်းအား တံခွန်စိုက်ဒိုင်းဆုအား လည်းကောင်း၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်က အမျိုးသားဖူဆယ်ပြိုင်ပွဲတွင် ပထမဆုရရှိသော ရွှေဘိုခရိုင်အသင်းအား ဂုဏ်ပြုချီး မြှင့်ငွေနှင့်တံခွန်စိုက်ဒိုင်းဆုအား ပေးအပ်ချီးမြှင့်ပြီး တာဝန်ရှိသူများနှင့်အတူ စုပေါင်းမှတ်တမ်း တင် ဓါတ်ပုံရိုက်ကူးခဲ့ကြောင်း သိရသည်။







































