မုံရွာ၊ ဒီဇင်ဘာ ၁၂
စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နယ်အတွင်းရှိ ဒေသခံတောင်သူများ စိုက်ပျိုး ထားသည့် ဆောင်းသီးနှံများအား ပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် သွင်းအားစုများ ထောက်ပံ့ ပေးအပ်ပွဲအခမ်းအနားကို ဒီဇင်ဘာလ ၁၁ ရက်၊ နံနက်ပိုင်းတွင် စစ်ကိုင်းမြို့၊ ခရိုင်စိုက် ပျိုးရေးဦးစီးဌာနရုံးရှိ မြတ်ဇေယျာခန်းမတွင် ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ စစ်ကိုင်းမြို့နယ်အတွင်းရှိ ဒေသခံ တောင်သူများ တက်ရာက်ကြသည်။
ဦးစွာ ခရိုင်စိုက်ပျိုးရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူးက စစ်ကိုင်းခရိုင်အတွင်း ရာသီ အလိုက်စိုက်ပျိုးသည့် ဆောင်းသီးနှံများ ပန်းတိုင်အထွက်နှုန်းရရှိရေး လုပ်ငန်းများဆောင် ရွက်နေမှုများအား လည်း ကောင်း၊ ခရိုင်ဆည်မြောင်း နှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူးက စစ်ကိုင်းခရိုင်အတွင်းရှိ ဆည်တမံများမှ စိုက်ပျိုးရေဖြန့်ဝေ ပေးနေမှုများနှင့် စိုက်ပျိုးရေအခွန်များ ရရှိရေးတို့အားလည်းကောင်း၊ ခရိုင်ဆည်မြောင်း နှင့်ရေ အသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန(ရေအရင်းအမြစ်)မှ ခရိုင်ဦးစီးမှူးက မြစ်ရေတင် လုပ်ငန်း များမှစိုက်ပျိုးရေပေးဝေနေမှု အခြေအနေများအား လည်း ကောင်း၊ ခရိုင်မွေးမြူ ရေးနှင့်ကုသရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူးနှင့် ခရိုင်ငါးလုပ်ငန်းဦးစီးမှူးတို့က စားရေရိက္ခာဖူလုံရေးအတွက် အသား၊ငါးနှင့်ဥမွေးမြူထုတ်လုပ်နေမှု အခြေအနေများအား လည်း ကောင်း အသီးသီး ရှင်းလင်းပြောကြားကြသည်။
ယင်းနောက် စစ်ကိုင်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဉက္ကဌက စစ်ကိုင်းခရိုင်အတွင်း စိုက်ပျိုးထားသည့်သီးနှံများနှင့် မွေးမြူထုတ်လုပ်နေမှု အခြေအနေများနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားကာ တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးက စစ်ကိုင်းခရိုင်အတွင်း၌ သီးထပ်စိုက်ပျိုးရေးနှင့် စိုက်ပျိုးထားသည့်သီးနှံများ ပန်းတိုင် အထွက်နှုန်းရရှိရေးအတွက် တောင်သူများလိုက်နာဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များ အား ဖြည့်စွက်ဆွေးနွေး ပြောကြားသည်။
ထို့်နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က မိမိတို့တိုင်းဒေသကြီး အတွင်းစိုက်ပျိုးလျက်ရှိသည့် စပါး၊ဆီထွက်သီးနှံနှင့်ဝါသီးနှံစသည့် သီးနှံမျိုးစုံစိုက်ဧက များလျာထားချက်ပြည့်မီရေးနှင့် ပန်းတိုင်အထွက်နှုန်းရရှိရေးအား စိုက်ပျိုးရေးကြီးကြပ် မှုအဖွဲ့များနှင့် ဒေသခံတောင်သူများမှ အလေးထားကာ ပူးပေါင်းဆောင်ရွက်သွားကြရန် လိုအပ်ပါ ကြောင်း၊ ရာသီအလိုက်စိုက်ပျိုးသည့်သီးနှံများ ပန်းတိုင်အထွက်နှုန်းရရှိရေးနှင့် တိုင်းဒေသကြီး၏ သီးထပ်သီးညှပ်စိုက်စွမ်းအားမြှင့်တင်ရေးအတွက် ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူများမှ မြေပြင်အထိကွင်းဆင်း၍ အနီးကပ်ကြီးကြပ်မှုများ ဆောင်ရွက်သွား ကြရန်နှင့် ပညာပေးကွင်းသရုပ်ပြပွဲများ မကြာခဏဆောင်ရွက်သွားကြရန် လိုအပ်ပါ ကြောင်း ပြောကြားခဲ့သည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် စစ်ကိုင်းမြို့နယ်အတွင်းရှိ ဒေသခံတာင်သူများ စိုက်ပျိုးထားသည့်သီးနှံများအား ပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် ကျေးရွာ ၂ ရွာမှ ဒေသခံတောင်သူ ၃၀၀ ဦးအတွက် ကျေးရွာ ကိုယ်စားလှယ်များထံ သွင်းအားစုများအား ထောက်ပံ့ပေးအပ်ကြသည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ဒေသခံတောင်သူ များအား နံနက်စာများဝေငှပေးခဲ့ကြပြီး စားသုံးဆီများနှင့် လယ်ယာသုံးစက်သုံး ဒီဇယ်ဆီ များအား ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးနေမှုများအား လိုက်လံကြည့်ရှုအားပေးခဲ့ ကြသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် နိုင်ငံ့စီးပွားမြှင့် တင်ရေးရန်ပုံငွေဖြင့် လုပ်ငန်းများဆောင်ရွက်နေသည့် စစ်ကိုင်းမြို့၊ ပန်းပဲတန်းရပ်ကွက်ရှိ တစ်ရက်လျှင် မြေပဲပိဿာချိန် ၁၀၀ ကြိတ်ခွဲ၍ မြေပဲဆီ ၄၀ ပိဿာထွက်ရှိသည့် စစ်ကိုင်း မြေပဲဆီစက်ရုံသို့ ရောက်ရှိရာ တာဝန်ရှိသူများမှ မြေပဲဆီကြိတ်ခွဲထုတ်လုပ်နေမှု အခြေ အနေများအား လိုက်လံရှင်းလင်းပြသရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က လိုက်လံရှင်း လင်းပြသမှုများအပေါ်လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ ပြီးစက်ရုံအတွင်း မြေပဲဆီကြိတ်ခွဲထုတ်လုပ်နေမှုများအား လိုက်လံ ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် နိုင်ငံ့စီးပွား မြှင့်တင်ရေးရန်ပုံငွေဖြင့် လုပ်ငန်းများဆောင်ရွက်နေသည့် တစ်ရက်လျှင် ပိဿာချိန် ၄၀၀၀ ကြိတ်ခွဲနေသည့် စစ်ကိုင်းမြို့၊ ပါရမီရပ်ကွက်ရှိ မြင့်မိုရ်ဦး ဝါကြိတ်စက်နှင့် ဆီစက်သို့ရောက်ရှိရာ စက်ရုံတာဝန်ခံမှ စက်ရုံအတွင်း ဝါကြိတ်ခွဲနေမှုများအား လိုက်လံ ရှင်းလင်းပြသရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က ရှင်းလင်းပြသမှုများအပေါ် လိုအပ်သည် များကို တာ ဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် နိုင်ငံ့စီးပွားမြှင့် တင်ရေးရန်ပုံငွေဖြင့် လုပ်ငန်းများဆောင်ရွက်နေသည့် စစ်ကိုင်းမြို့၊ တင်းထိပ်ရပ်ကွက်ရှိ “ဇေယျာတောင်တန်း” ကျောက်မျက်ရတနာအချောထည် ထုတ်လုပ်ရေးလုပ်ငန်းခွင်သို့ ရောက်ရှိရာ စက်ရုံတာဝန်ခံမှ ကျောက်စိမ်းပုတီးဆိုဒ်စုံ၊ လက်ပတ်နှင့် ကျောက်မျက် ရတနာအချောထည်အမျိုးမျိုး ထုတ်လုပ်ထားရှိမှုများအား ရှင်းလင်းပြသရာ တိုင်းဒေသ ကြီးဝန်ကြီးချုပ်က ရှင်းလင်းပြသမှုများအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးပြီး စက်ရုံအတွင်းကျောက်အချောထည် ထုတ်လုပ် နေမှုများအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။






