စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့၌ ၂၀၂၅-ခုနှစ်၊(၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အမျိုးသား၊အမျိုးသမီး မီနီမာရသွန်ပြိုင်ပွဲနှင့်စက်ဘီးပြိုင်ပွဲ ကျင်းပ
မုံရွာ၊ ဇန်နဝါရီ ၃
၂၀၂၅-ခုနှစ်၊ (၇၇) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အမျိုးသား၊အမျိုးသမီး မီနီမာရသွန်ပြိုင်ပွဲနှင့် စက်ဘီးပြိုင်ပွဲကို ဇန်နဝါရီလ ၃ ရက်၊ နံနက်ပိုင်းတွင် မုံရွာမြို့၊ အရှေ့ကန်သာယာရှိ ပြည်ထောင်စုရင်ပြင်တွင်ကျင်းပရာ ပြိုင်ပွဲယှဉ်ပြိုင်ရာသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့်ဇနီး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့်ဇနီးများ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများမှ အရာထမ်း၊အမှုထမ်းများ၊ မြို့နေ ပြည်သူများ၊ ပြိုင်ပွဲဝင်အားကစားသမားများ တက်ရောက်ကြသည်။
ဦးစွာ အမျိုးသား၊အမျိုးသမီး မီနီမာရသွန်ပြိုင်ပွဲအား တာထွက်အချက်ပြကာ ဖွင့်လှစ်ပေးပြီး ပြိုင်ပွဲဝင်မီနီမာရသွန် အားကစားသမားများမှ ပြည်ထောင်စုရင်ပြင်မှ စတင်ထွက်ခွာ၍ အနောက်ကန်သာယာကန်အား ၃ ပတ်အကွာအဝေး ၃ မိုင်ပတ်၍ ယှဉ်ပြိုင်ကြ သည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့်ဇနီး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့်ဇနီးများ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများမှ အရာထမ်း/အမှုထမ်းများက အရှေ့ကန်သာယာကန်ရှိ ပြည်ထောင်စုရင်ပြင်သို့ ပြိုင်ပွဲဝင် မီနီမာရသွန် အားကစားသမားများ ပန်းဝင်လာမှုအား တစ်ပျော်တစ်ပါး ကြည့်ရှုအားပေး ကြိုဆိုကြသည်။
ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက အဆိုပါမုဒ်ဦးတွင် အမျိုးသား၊အမျိုးသမီး စက်ဘီးပြိုင်ပွဲယှဉ်ပြိုင်နေများအား ကြည့်ရှုအားပေးကြပြီး တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများမှ အရာထမ်း၊အမှု ထမ်းများမှ အနောက်ကန်သာယာကန်အား ၅ ပတ် အကွာအဝေး ၅ မိုင်ပတ်၍ ပန်းဝင်လာကြသည့် စက်ဘီးပြိုင် ပွဲဝင်အားကစားသမားများအား သောင်းသောင်းဖျဖျ ကြိုဆိုအားပေးခဲ့ကြောင်း သိရသည်။

























p>
p>
p>
p>