စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် ၂၀၂၄-၂၀၂၅ ခုနှစ်၊ ဆောင်းသီးနှံများ ပန်းတိုင်အထွက်နှုန်းရရှိရေးသွင်းအားစုဓာတ်မြေသြဇာနှင့် လယ်ယာသုံးစက် မောင်းဆီများအား သက်သာသော ဈေးနှုန်းဖြင့် ရောင်းချပေးခြင်းအခမ်းအနား တက် ရောက်
မုံရွာ၊ ဇန်နဝါရီ ၂၂
စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ၂၀၂၄-၂၀၂၅ ခုနှစ်၊ ဆောင်းသီးနှံများ ပန်းတိုင် အထွက်နှုန်းရရှိရေးအတွက် သွင်းအားစုဓာတ်မြေသြဇာနှင့် လယ်ယာသုံးစက်မောင်းဆီ များအား သက်သာသော ဈေးနှုန်းဖြင့် ရောင်းချပေးခြင်း အခမ်းအနားကို ဇန်နဝါရီလ ၂၂ ရက်၊ နံနက်ပိုင်းတွင် မုံရွာမြို့၊ တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနရုံးရှိ မြတ်ဇေယျာ ခန်းမတွင်ကျင်းပရာ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေ သကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ တိုင်းဒေသကြီး/ခရိုင်/ မြို့နယ်စိုက်ပျိုးရေးဦးစီး ဌာနမှဝန်ထမ်းများနှင့် မုံရွာမြို့နယ်အတွင်းရှိ ကျေးရွာ ၁၇ ရွာမှ ဒေသခံတောင်သူများ တက်ရောက်ကြသည်။
ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က မိမိတို့တိုင်းဒေသကြီးသည် စိုက်ပျိုးရေးကိုအဓိကအားပြု လုပ်ကိုင်ဆောင်ရွက်နေသည့် တိုင်းဒေသကြီးတစ်ခုဖြစ် သည်နှင့်အညီ တိုင်းဒေသကြီးအတွင်း နှစ်စဉ်စိုက်ပျိုးလျက်ရှိသည့် စပါး၊ဆီထွက်သီးနှံနှင့် ဝါသီးနှံအပါအဝင် သီးနှံမျိုးစုံအား စိုက်ဧကလျာထားချက်ပြည့်မီရေးနှင့် ပန်းတိုင်အထွက် နှုန်းရရှိရေးအတွက် စိုက်ပျိုးရေးကြီးကြပ်မှုကော်မတီအဖွဲ့ဝင်များနှင့် ဒေသခံတောင်သူများ ကဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း၊ မိမိတို့တိုင်းဒေသကြီးအစိုး ရအဖွဲ့အနေဖြင့် နိုင်ငံတော်မှချမှတ်ထားသည့် စိုက်ပျိုးမွေးမြူရေးကဏ္ဍဖွံ့ဖြိုးရေးအတွက် စီးပွားရေးမူဝါဒများအား ခိုင်မာစွာချမှတ်ပြီး စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ ပိုမိုကျယ် ပြန့်စွာထုတ်လုပ်နိုင်ရေး၊ လယ်ယာကဏ္ဍ ကုန်ထုတ်စွမ်းအားများ မြင့်မားလာစေရေး၊ တောင်သူများ ဝင်ငွေတိုးတက်ရရှိစေရေးနှင့် ဘေးကင်းလုံခြုံပြီး အာဟာရပြည့်ဝသည့် စားရေ ရိက္ခာများထုတ်လုပ်ရေးအတွက် နည်းလမ်းပေါင်းစုံဖြင့် ပံ့ပိုးကူညီဆောင်ရွက် လျက်ရှိပါကြောင်း၊ စိုက်ပျိုးရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အခြေခံဖြစ်သည့် မျိုး၊ မြေ၊ ရေ၊ နည်း စသည့် နည်းလမ်းလေးသွယ်ဖြင့် စနစ်တကျ ဆောင်ရွက်မည်ဆိုပါက သတ်မှတ်ထား သည့်ပန်းတိုင် ရည်မှန်းချက်များအတိုင်း သီးနှံများထွက်ရှိနိုင်မည် ဖြစ်ပါကြောင်း၊ တိုင်း ဒေသကြီးအနေဖြင့် ကူညီပံ့ပိုးပေးမှုများနှင့်အတူ စိုက်ပျိုးရေးပညာရှင်များ၏ စိုက်ပျိုး နည်းပညာများ ဖြန့်ဝေပေးမှုများအား တောင်သူလယ်သမားများအနေဖြင့် ကြိုးစားအား ထုတ်လိုက်နာဆောင်ရွက် ကြမည်ဆိုပါက စိုက်ပျိုးသီးနှံများအထွက်တိုးပြီး တောင်သူများ ဝင်ငွေတိုးပွား၍ ဓနအင်အားဖြိုးကြွယ်ဝကာ လယ်ယာစိုက်ပျိုးရေးကဏ္ဍ တိုးတက်လာပြီး နိုင်ငံ့စီးပွားမြင့်မားလာမည်မှာ ဧကန်မလွဲနိုင်ပါကြောင်း ပြောကြားခဲ့သည်။
ဆက်လက်ပြီး တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးက ဆောင်း သီးနှံများစိုက်ပျိုးထားရှိမှု အခြေအနေများအား လည်းကောင်း၊ တိုင်းဒေသကြီး မြေစာရင်း ဦးစီးဌာနမှ ညွှန်ကြားရေးမှူးက တိုင်းဒေသကြီးအတွင်း လယ်ယာမြေသုံးစွဲစိုက်ပျိုးနေမှု အခြေအနေများအား လည်းကောင်း၊ တိုင်းဒေသကြီး ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့် ခွဲရေးဦးစီးဌာန(ဆည်မြောင်း)မှ ညွှန်ကြားရေးမှူးက တိုင်းဒေသကြီးအတွင်း ဆည်တမံ များမှစိုက်ပျိုးရေးပေးဝေနေမှု အခြေအနေများအား လည်းကောင်း၊ တိုင်းဒေသကြီး ဆည် မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန(ရေအရင်းအမြစ်)မှ ဒုတတိယညွှန်ကြား ရေးမှူးက လျှပ်စစ်မြစ်ရေတင်လုပ်ငန်းများမှ စိုက်ပျိုးရေပေးဝေနေမှု အခြေအနေအား လည်းကောင်း၊ တိုင်းဒေသကြီး စက်မှုလယ်ယာဦးစီးဌာနမှ ညွှန်ကြားရေးမှူးက လယ်ယာ သုံးစက်ကိရိယာများ သုံးစွဲနေမှုနှင့်ပေးအပ်ထားရှိမှု အခြေအနေများအား လည်းကောင်း၊ တိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာနမှ ညွှန်ကြားရေးမှူးက တိုင်းဒေသကြီးအတွင်းရှိ ငါး မွေးကန်များတွင် ပြည်သူများငါးစားသုံးမှု ဖူလုံပြည့်ဝစေရအတွက် လုပ်ငန်းများဆောင် ရွက်နေမှု အခြေအနေများအား လည်းကောင်း၊ တိုင်းဒေသကြီး မွေးမြူရေးနှင့်ကုသရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှူးက အသား/ဥ မွေးမြူထားရှိမှုများနှင့် ကုသရေးလုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများအား လည်း ကောင်း အသီးသီးရှင်းလင်း ပြောကြားကြသည်။
ဆက်လက်၍ တိုင်းဒေသကြီး လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးက တိုင်းဒေသကြီးအတွင်း ၂၀၂၄-၂၀၂၅ ခုနှစ်၊ ဆောင်းသီးနှံများ ပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် တိုင်းဒေသကြီး အဆင့်ဌာနဆိုင်ရာများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေး ပြောကြားသည်။
ဆက်လက်ပြီး တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနရုံးမှ လက်ထေက်ညွှန်ကြားရေးမှူး ဒေါက်တာတင်မာမာဦးက မြေပဲသီးနှံ ပန်းတိုင်အထွက်နှုန်းရရှိရေး လိုက်နာ ဆောင်ရွက်ရမည့် နည်းလမ်းများအား လည်းကောင်း၊ ဒုတိယဦးစီးမှူး ဒေါ်စောသန္တာနွယ် ကနှမ်းသီးနှံ ပန်းတိုင်အထွက်နှုန်းရရှိရေး လိုက်နာဆောင်ရွက်ရမည့် နည်းလမ်းများအား လည်းကောင်း Power Point ဖြင့် ရှင်းလင်းတင်ပြကြသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များက မုံရွာမြို့နယ်အတွင်းရှိကျေးရွာ ၁၇ မှ ဒေသခံတောင်သူ ၃၅၀ ဦးအတွက် ကျေးရွာကိုယ် စားလှယ်များထံ သက်သာသော ဈေးနှုန်းဖြင့် ရောင်းချပေးခဲ့သည့် သွင်းအားစုဓာတ်မြေ သြဇာ ၃၅၀ အိတ်နှင့် လယ်ယာသုံးစက်မောင်းဆီ ဂါလံ ၁၀၅၀ တို့အားအသီးသီး ပေးအပ် ကြသည်။
ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက အခမ်းအနားသို့ တက်ရောက် လာကြသည့် ဒေသခံတောင်သူများအားရင်းရင်း နှီးနှီး လိုက်လံနှုတ်ဆက်ခဲ့ကြသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက အဆိုပါရုံးဝန်း အတွင်း အခမ်းအနားသို့ တက်ရောက်လာကြသည့် မုံရွာမြို့နယ်အတွင်းရှိ ကျေးရွာ ၁၇ ရွာမှ ဒေသခံတောင်သူ ၃၅၀ ဦးအား လယ်ယာသုံးစက်မောင်းဆီများ ခွဲဝေရောင်းချပေး
နေမှုများအား လိုက်လံကြည့်ရှုခဲ့ကြပြီး တိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာနမှ စားသုံးဆီများအား ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးနေမှုနှင့် တိုင်းဒေသကြီး စိုက် ပျိုးရေးဦးစီးဌာနမှ ငွေနှင်းမှိုများရောင်းချပေးနေမှုများအား လိုက်လံကြည့်အားပေးကာ လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

































