မုံရွာ၊ သြဂုတ် ၁၂
စစ်ကိုင်းတိုင်းဒေသကြီး ၂၀၂၄-ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့အခမ်းအနားကို သြဂုတ်လ ၁၂ ရက်၊ နံနက်ပိုင်းတွင် တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးဝန်းအတွင်းရှိ ချင်းတွင်းခန်းမ တွင်ကျင်းပရာ အခမ်းအနားသို့ တိုင်းဒေသကြီး လူငယ်ရေးရာကော်မတီ ဥက္ကဌ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး တရားသူကြီးချုပ်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မုံရွာမြို့ပေါ်ရှိ တက္ကသိုလ်/ဒီဂရီကောလိပ်၊ သူနာပြုနှင့်သားဖွားသင်တန်းကျောင်း(မုံရွာ)၊ အားကစားနှင့်ကာယပညာသိပ္ပံ(မုံရွာ)နှင့် အခြေခံ ပညာကျောင်းများမှ ဆရာ၊ဆရာမများ၊ ကျောင်းသား၊ကျောင်းသူများ တက်ရောက်ကြသည်။
ဦးစွာ မုံရွာပညာရေးဒီဂရီကောလိပ်မှ လူငယ်များက “လူငယ်စွမ်းရည်” ဂုဏ်ပြုတေးသီ ချင်းဖြင့် ကပြဖျော်ဖြေ၍ အခမ်းအနားအား ဖွင့်လှစ်ကြသည်။
ယင်းနောက် တိုင်းဒေသကြီး လူငယ်ရေးရာကော်မတီ ဥက္ကဌ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့သည် ကမ္ဘာ့ကုလသမဂ္ဂပါအဝင် နိုင်ငံအား လုံးကလူငယ်များအားလုံးကို အသိအမှတ်ပြုတန်ဖိုးထားပါကြောင်း၊ လူငယ်များ၏အရေးပါ မှုအားအသိအမှတ်ပြုပြီး ခေတ်ကာလအခြေအနေအားထင်ဟပ်သည့် ဆောင်ပုဒ်အသီးသီးဖြင့် နှစ်စဉ်ကျင်းပလျှက်ရှိရာတွင် ယခုနှစ်အတွက် အပြည်ပြည်ဆိုင်ရာလူငယ်များနေ့ ဆောင်ပုဒ် အဖြစ် “စဉ်ဆက်မပြတ်ဖွံ့ဖြိုး တိုးတက်ရေးလူငယ်များရဲ့ဒစ်ဂျစ်တယ်ကျွမ်းကျင်မှုဖြင့်ဖော် ဆောင်ပေး”ဖြစ်ပါကြောင်း၊ တိုင်းဒေသကြီး လူငယ်ရေးရာကော်မတီအနေဖြင့်လည်း မိမိတို့ တိုင်းဒေသကြီးအတွင်း ကျောင်းနေအရွယ်လူငယ်လူရွယ်များသာမကဘဲ ပညာဆက်လက် သင် ယူနိုင်ခြင်းမရှိသည့် ကျောင်းပြင်ပနေလူငယ်များ၏ အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုရရှိစေ နိုင်ရန်အသက်မွေးဝမ်းကျောင်း သင်တန်းများအားဖွင့်လှစ်ခြင်းနှင့် အားကစားသင်တန်းများ အပါအဝင်ကဏ္ဍအလိုက် လူငယ်ဘက်စုံဖွံ့ဖြိုးရေးသင်တန်းများကို ဖွင့်လှစ်ပေးလျှက်ရှိပါ ကြောင်း၊ လူငယ်များသည် နိုင်ငံတစ်နိုင်ငံ၏ အနာဂတ်ဖြစ်သည်နှင့်အညီ အနာဂတ်ကြယ်ပွင့် ကလေးများ၏ ဖွံ့ဖြိုးတိုးတက်မှုသည် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်မှုဖြစ်ပြီး လူငယ်များဘက်စုံဖွံ့ ဖြိုးတိုးတက်ရေး လုပ်ငန်းများအား တာဝန်ရှိသူများအပါအဝင် မျိုးဆက်သစ်၊ မျိုးဆက်ဟောင်း များ၏ စုစည်းညီညွတ်မှုစွမ်းအားဖြင့် ဘက်ပေါင်းစုံမှဟန်ချက်ညီညီ ဝိုင်းဝန်းပူးပေါင်းဆောင် ရွက်သွားကြရန် လိုအပ်ပါကြောင်း၊ အနာဂတ်တွင်ကျန်းမာကြံ့ခိုင်သော၊ ကိုယ်ကျင့်တရားကောင်း မွန်သော၊ တိုင်းချစ်ပြည်ချစ်စိတ်ရှိသော၊ တာဝန်ယူမှု၊တာဝန်ခံမှုရှိသော လူ့ကျင့်ဝတ်လူ့တန်ဖိုး များအားအလေးထား၍ စိတ်ဓါတ်စည်းကမ်းကောင်းမွန်သည့် လူကောင်းလူတော်များ မွေးထုတ် ပေးနိုင်မည်ဖြစ်ပါကြောင်း၊ ဘက်စုံထူးချွန်သည့် ယင်းလူငယ်များ၏စွမ်းပကားဖြင့် သက်ရွယ်စုံညီ ပါဝင်သော လူမှုစီးပွားဘဝသာယာဖွံ့ဖြိုးတိုးတက်သည့် သဟဇာတဖြစ်သော အနာဂတ်လူ့ ဘောင်အဖွဲ့အစည်းအား ဖန်တီးပုံဖော်နိုင်မည် ဖြစ်ပါကြောင်း ပြောကြားခဲ့သည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က ၂၀၂၄-ခုနှစ်၊ အပြည်ပြည်ဆိုင်ရာလူငယ်များနေ့ အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိကြသူများအား လည်း ကောင်း၊ တိုင်းဒေသကြီး တရားသူကြီးချုပ်က ၂၀၂၄-ခုနှစ်၊ အပြည်ပြည်ဆိုင်ရာလူငယ်များနေ့ အထိမ်းအမှတ် စကားရည်လုပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိကြသူများအား လည်း ကောင်း ဂုဏ်ပြုဆုငွေများ အသီးသီးပေးအပ် ချီးမြှင့်ကြသည်။
ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက မုံရွာစီးပွားရေး တက္က သိုလ်မှ ကျောင်းသား၊သူများနှင့် မသန်စွမ်းလူငယ်တစ်ဦးတို့က တိုင်းရင်းသားစည်း လုံးညီညွတ် မှုအာ ဖော်ဆောင်ထားသည့် တေးသီချင်းများဖြင့် ကပြသီဆိုဖျော်ဖြေမှုများအား ကြည့်ရှုအားပေး ကြသည်။
ထို့နောက် တိုင်းဒေသကြီး လုံခြုံရေးနှင့်နယ်စပ်ရေးရာ ဝန်ကြီးက ၂၀၂၄-ခုနှစ်၊ အပြည် ပြည်ဆိုင်ရာလူငယ်များနေ့ အခမ်းအနားတွင် ကပြသီဆိုဖျော်ဖြေတင်ဆက်သွားကြသည့် လူငယ် များအား ဂုဏ်ပြုဆုငွေများပေးအပ်ချီးမြှင့်ပြီး ၂၀၂၄-ခုနှစ်၊ အပြည်ပြည်ဆိုင်ရာလူငယ်များနေ့ အထိမ်းအမှတ် စကားရည်ပြိုင်ပွဲတွင် ပထမဆုရရှိခဲ့သည့် မုံရွာတက္ကသိုလ်မှ ကျောင်းသား၊သူ များက ပြန်လည်တင်ဆက်ကြသည်။
ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ၂၀၂၄-ခုနှစ်၊ အပြည် ပြည်ဆိုင်ရာလူငယ်များနေ့ အထိမ်းအမှတ် လူငယ်လှုပ်ရှားမှု Video Clip အား ကြည့်ရှုအားပေး ပြီးတာဝန်ရှိသူများနှင့်အတူ စုပေါင်းမှတ်တမ်းတင် ဓါတ်ပုံရိုက်ကူးကာ အခမ်းအနားသို့ တက် ရောက်လာကြသည့် လူငယ်များအား ရင်းရင်းနှီးနှီးလိုက်လံ နှုတ်ဆက်ခဲ့ကြသည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ပြန်ကြားရေးနှင့်ပြည် သူ့ဆက်ဆံရေးဦးစီးဌာနပြခန်း၊ မူးယစ်ဆေးဝါးတားဆီးနှိမ်နှင်းရေးရဲတပ်ဖွဲ့ပြခန်း၊ အားကစားနှင့် ကာယပညာဦးစီးဌာန၊ အားကစားနှင့်လူငယ်ရေးရာကဏ္ဍပြခန်း၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည် သူ့အင်အားဝန်ကြီးဌာနပြခန်း၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနပြခန်း၊ မီးသတ်ဦးစီးဌာနပြ ခန်းများအား လိုက်လံကြည့်ရှုအားပေးခဲ့ကြသည်။
ဆက်လက်ပြီး ၂၀၂၄-ခုနှစ်၊ အပြည်ပြည်ဆိုင်ရာလူငယ်များနေ့ အထိမ်းအမှတ် လူငယ် စကားဝိုင်းကိုကျင်းပရာ မုံရွာမြို့ပေါ်ရှိ တက္ကသိုလ်/ဒီဂရီကောလိပ်များမှ ကျောင်းသား/သူများ၊ သူနာပြုနှင့်သားဖွားသင်တန်းကျောင်း(မုံရွာ)မှ သင်တန်းသား/သူများက “ဗလငါးတန်”ခေါင်း စဉ်ဖြင့်ဆွေးနွေးပြီး အခမ်းအနားသို့ တက်ရောက်လာကြသည့်လူငယ်များက သိရှိလိုသည်များ မေးမြန်းကြကာ တာဝန်ရှိသူများက ပြန်လည်ဖြေကြားပြီး စကားဝိုင်းသို့တက်ရောက်လာသူများ အား နေ့လည်စာထမင်းဗူးများ ဝေငှခဲ့ကြောင်း သိရသည်။























